ရန်ကုန် လမ်းပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ဘာတွေ ရင်ဖွင့်ချင်သလဲ

ရန်ကုန် လမ်းပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ဘာတွေ ရင်ဖွင့်ချင်သလဲ

ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းအစိုးရက ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိ ပြေလည်သွားနိုင်ခြင်း မရှိပါဘူး။   နောက်ပြီးတော့   နောက်ဆုံး ပြောင်းလဲလိုက်နိုင်တဲ့ ဘတ်စ်ကား စနစ်ကလည်း ပြည်သူလူထုကြားမှာ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။  ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လူငယ်တွေက ဘာတွေ ပြောချင်နေလဲဆိုတာကို ကျွန်တော်သူငယ်ချင်းတွေကို လိုက်မေးကြည့်လိုက်ပါဦးမယ်။

ဟုတ်ကဲ့။ ကျွန်တော်က အခု Marketing အလုပ် လုပ်နေတာဆိုတော့ သွားရ လာရတာ နောက်ကျတဲ့အခါကျ သူဌေးပြောတာ ခံရတယ်ဆိုတော့ အဆင်မပြေဘူး။ ခုံးကျော်တံတားတွေဘာတွေ ဆောက်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ယာဉ်ကြောတွေဘာတွေ ချောင်တယ်ဆိုရင်တော့ ကျွန်တော်တို့တွေလည်း အချိန် အတိအကျ သွားလာလှုပ်ရှားလို့ ရတယ်လေ။ အခုဟာက အချိန်စောပြီးတော့ ထွက်လာတာတောင်မှ နောက်ကျတယ်ဆိုတော့ အဆင်မပြေဘူးဖြစ်နေတယ်။ အဲတော့ ခုံးကျော်တံတားတွေဆောက်တာတို့ ဒါမှမဟုတ် ကားလမ်းတွေကို ဒီထက်ပိုပြီးတော့ ရှင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

 

ညီလေးတို့က ပုံမှန်အလုပ်သမားတွေဖြစ်တယ်။ ပုံမှန်အလုပ်သမားတွေဖြစ်တဲ့အတွက်ကြောင့် နေ့စဉ် YBS ကို တိုးစီးနေရတယ်။ YBS ကို တိုးစီးနေရတဲ့အတွက်ကြောင့်မိုလို့ YBS ကို တစ်စီးနဲ့တစ်စီး အလျင်မီအောင် YBS များများလေး ဖြစ်သွားအောင် လုပ်ပေးစေချင်တယ်။

 

 

 

ကျွန်တော်ပြောချင်တာကတော့ ဒီဝန်ကြီးချုပ်ကြီးကို ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာကတော့ ဒီ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုတွေကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ရှင်းပေးစေချင်ပါတယ်။ အဲဒါလေး ပြောချင်ပါတယ်။

 

 

 

ဟိုတစ်နေ့တုန်းကတော့ စော်ဘွားကြီးကုန်းမှာ တွေ့ရတယ် ကျွန်တော်တို့အပြန် မီးပွိုင့်တွေကပျက် မီးပွိုင့်တွေက အကုန်လုံး နီနေတာဆိုတော့ ဘယ်သူမှ မထွက်ရဲဘူးဖြစ်နေတာ။ အဲဒီမှာ ကားက တော်တော်လေးကို ကြပ်သွားတာပေါ့။ ဒီဟာလေးတွေကိုလည်း ကျွန်တော်တို့အထင်ပေါ့နော် မီးပွိုင့်တွေကို သူ့ဟာနဲ့သူ မှန်မှန်လေး လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ သက်သာလိမ့်မယ်လို့ ကျွန်တော်ကတော့ အဲဒါပဲ ပြောချင်ပါတယ်။

 

 

အဓိကပြောချင်တာကတော့ ပြည်သူတွေအတွက် အမှိုက်စွန့်ပစ်တဲ့အခါကျရင် မြောင်းထဲကို စွန့်တာ များတယ်လေ။ လမ်းသွားလမ်းလာတွေ လမ်းပေါ်မှာ ပစ်လိုက်ရင်လည်း လူအများ မြင်တယ်လေ။ အဲလိုမျိုး လမ်းပေါ်မှာ စွန့်ပစ်မယ့်အစား အမှိုက်ပုံးလေးတွေ ထားပေးတာမျိုးတွေ လုပ်ပေးစေချင်တယ်ပေါ့။ ပြီးတော့ ဟိုတစ်ခေါက်တုန်းက သမိုင်းဘက်မှာ မြောင်းဆယ်တာမျိုးတွေ လုပ်တယ်လို့ ကြားလိုက်ပါတယ်။ အဲလိုပုံစံမျိုးအတိုင်း နောက်ထပ် ရေမြောင်းတွေ ဆယ်ပေးတာမျိုးတွေ စည်ပင်နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးသင့်ပါတယ်လို့ ထင်ပါတယ်။

 

 

ကားလမ်းတွေကိုလည်း အဆင်ပြေအောင်လုပ်ပေးနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့အတွက်ကတော့ မထူးခြားပါဘူး။ YBS တွေ ရောက်လာပြီးတဲ့နောက်မှာပေါ့ သူတို့လည်း အကောင်းဆုံးတော့ လုပ်ပေးနေတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အဆင်မပြေသေးဘူးပေါ့။ ဒီထက်အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။

 

 

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကတော့ သူတို့ရဲ့အမြင်တွေကို ပြောပြသွားခဲ့ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ပြောပြချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ YOPE Website မှာ ရှာပြီးတော့ Share ခဲ့ပေးပါဦး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly