Godzilla: King of the Monsters’ ဇာတ်ကားတွင် တရုတ်မင်းသမီး ကျန်ကျိရီ ပါ၀င်သရုပ်ဆောင်မည်

Godzilla: King of the Monsters’ ဇာတ်ကားတွင် တရုတ်မင်းသမီး ကျန်ကျိရီ ပါ၀င်သရုပ်ဆောင်မည်

Legendary နှင့် Warner Bros တို့မှ ပူးပေါင်းထုတ်လုပ်မည့် ဂေါ်ဇီလာဇာတ်ကားဖြစ်သော Godzilla: King of the Monsters ရုပ်ရှင်တွင် တရုတ်နိုင်ငံမှ နာမည်ကျော်မင်းသမီးဖြစ်သူ ကျန်ကျိရီပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

သူမသည် အခြားသရုပ်ဆောင်များဖြစ်ကြသော ကိုင်လီချန်ဒလာ၊ ဗာရာဖာမီဂါ၊ မိုင်လီဘော်ဘီဘရောင်း၊ ဘရက်ဒလေဝှစ်ဖော့ဒ် နှင့် ကန်ဝမ်တာနာဘီ တို့နှင့်အတူ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ကို ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့သော Godzilla ဇာတ်ကား၏ အဆက်အဖြစ် ဇာတ်လမ်းဆင်ထားပြီး Krampus ဇာတ်ကား၏ ဒါရိုက်တာဖြစ်သူ မိုက်ကယ်ဒေါ့ဂ်ဟာတီက ရိုက်ကူးမည်ဖြစ်ကာ ဇာတ်ညွန်းကို ဇတ်ချ် ရှီးလ်နှင့်အတူ ပူးတွဲရေးသားထားခြင်းဖြစ်သည်။

Godzilla: King of the Monsters ဇာတ်ကားကို လာမည့် ၂၀၁၉ခုနှစ် မတ်လ ၂ရက်နေ့တွင် ရုံတင်ပြသသွား ရန် စီစဉ်ထားပြီး ကင်းကောင်နှင့်အတူ ထိပ်တိုက်တွေ့ဆုံမည့် ဇာတ်ကား Godzilla Vs Kong ကိုတော့ ၂၀၂၀ ခုနှစ် မေလ ၂၂ရက်နေ့တွင် ရုံတင်ပြသသွားနိုင်ရန် စီစဉ်ထားကြသည်။

ကျန်ကျိရီသည် သူမ၏ Memoirs of a Geisha ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုနှင့် သရုပ်ဆောင် အစည်းအရုံးမှ ချီးမြှင့်သည့် ဆုများအတွက် စကာတင်စာရင်းထဲတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ဒါ့အပြင် အခြားနာမည်ကျော် ဇာတ်ကားများဖြစ်သော Hero၊ House of Flying Daggers၊ 2046 နှင့် The Grandmaster တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly