ပြည်မြို့မူယာပင်ကျောင်းတွင် ဆရာမများနှင့် စကားများခဲ့သူက ဖျန်ဖြေသူကျောင်းသားကို ရန်ပြု

ပြည်မြို့မူယာပင်ကျောင်းတွင် ဆရာမများနှင့် စကားများခဲ့သူက ဖျန်ဖြေသူကျောင်းသားကို ရန်ပြု

ပြည်မြို့၊ ဇွန်လ ၈ ။             ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇွန်လ ၇ ရက်က မူယာပင်ရပ်ကွက် အထက်ကျောင်းခွဲတွင် ဧည့်လာတွေ့သူ လူငယ်လေးဦး နှင့် ဆရာမများခိုက်ရန် ဖြစ်ပွားခဲ့ပြီး ဝင်ရောက်ဖျန်ဖြေသူ ဒသမတန်းကျောင်းသား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်ပုံမှာ ဇွန်လ ၇ ရက်က နေ့လည်ပိုင်း ကျောင်းစာသင်ချိန်တွင် ဒုတိယတန်း (က) မှ ကျောင်းသား မောင်ဝိုင်းချစ်ကို ဦးလေးဖြစ်သူ ကျော်ကြီး(ခ) ကျော်မျိုးသူ (၁၆) နှစ် မင်္ဂလာဦးရပ် ရွာဘဲရပ်ကွက်နေသူ နှင့် လူငယ် ၃ ဦး စုစုပေါင်းလူငယ် ၄ ဦး  လာရောက်တွေ့ဆုံခဲ့သည်။

ဆရာမများက ကျောင်းစာသင်ချိန်ဖြစ်၍ တွေ့ဆုံခြင်းမပြုရန်ပြောသည့်အခါ လူငယ်များက မကျေနပ်ဖြစ်ပြီး ဆရာမများကို ဆဲဆိုကြိမ်းမောင်းခဲ့ကြသည်။

ထို့ကြောင့် ဆရာမ ဒေါ်တင်တင်ခိုင်က ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူသန်းကို တင်ပြတိုင်ကြားရန် သွားရောက်စဉ် လူငယ်များက ဆွဲလားရမ်းလားလုပ်ခြင်း ၊ လက်ဖြင့်တွန်းခြင်း ၊ ညစ်ညမ်းစွာဆဲဆိုခြင်းများထပ်မံပြုလုပ်ခဲ့သည်။

ဆရာဆရာမများကို ထိုသို့မပြုလုပ်ရန် ကျောင်းသား ကျောင်းသူများက ဝင်ရောက်ပြောဆိုပြီ ကျောင်းသားများက ဝင်ဖန်ဖြေရာ လူငယ်တစ်ဦးဖြစ်သူ ကျော်ကြီးက အရိုးအသွား ၈ လက်မ ခန့် ရှိသုံးမြှောင့် စကေဘာဖြင့်ထိုးခြင်း ၊ ကျန်တစ်ဦးက အုတ်ခဲကျိုးဖြင့် ထုရိုက်ခြင်း ၊ ကျန်နှစ်ဦးက လက်သီးဖြင့်ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်သဖြင့် အသက် ၁၇ နှစ်အရွယ် ဒသမတန်းကျောင်းသား မောင်ဖိုးချို ယာလက်ဖျံပွန်းခြစ် ဒဏ်ရာတစ်ချက် ၊ ဦးခေါင်းဝဲဘက်ဂျိုစောင်း ဖူးယောင်ဒဏ်ရာတစ်ချက် ၊ ရရှိခဲ့ပြီးသည်။

အကြောင်းကိစ္စနှင့်ပတ်သတ်ပြီး ကျော်ကြီးပါ လူငယ် ၄ ဦးကို ပြည်မြို့မရဲစခန်းတွင် (ပ) ၁၂၁၂/၂၀၁၇  ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၃၅၄/၃၂၄/၃၂၃/၁၁၄ တို့ဖြင့် အမှုဖြင့် အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required