ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ၀န်ကြီးချုပ်တို့ ဖက်ဒရယ်လစ်ဇင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ၀န်ကြီးချုပ်တို့ ဖက်ဒရယ်လစ်ဇင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဇွန် ၈ ။           ။ ကနေဒါနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၇ ရက်က ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးနဲ့ တွေ့ဆုံပြီး ကနေဒါနိုင်ငံကျင့်သုံးခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

" ကျွန်မ ဒီကို ရောက်လာရတာ ဝမ်းမြောက်မိပါတယ်၊ အထူးသဖြင့်တော့ ကနေဒါ နိုင်ငံရဲ့ ဖယ်ဒရယ်လစ်ဇင်အကြောင်းကို လေ့လာခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံလည်း ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့်ပါ" လို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံနေတဲ့ အနောက်နိုင်ငံတွေထဲမှာ ကနေဒါလည်း ပါဝင်ပါတယ်။

အလားတူ ခရီးသည် ၁၀၆ ဦးလိုက်ပါသွားတဲ့ တပ်မတော်လေယာဉ် ပျောက်ဆုံးပျက်ကျခဲ့ရတဲ့ဖြစ်စဉ်အပေါ် ဝမ်းနည်းမိကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ကနေဒါဒေါ်လာ ၈ ဒသမ ၈ သန်း ကူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ကြေညာသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly