ဂွမြို့နယ်၌ တရားမဝင်ခေါ်ဆောင်လာသော နွား(၂၄) ကောင် ဖမ်းဆီးရမိ

ဂွမြို့နယ်၌ တရားမဝင်ခေါ်ဆောင်လာသော နွား(၂၄) ကောင် ဖမ်းဆီးရမိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဇွန် ၇ ။         ။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စေတီကွင်းကျေးရွာ ဂွ-သံတွဲကားလမ်း မိုင်တိုင်အမှတ် ၃၂/ ၆ အနီးတွင် ဇွန် ၆ ရက်က တရားမဝင်သယ်ဆောင်လာသည့် နွား၂၄ ကောင် အား ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့်  ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီတွင် ဂွမြို့နယ် စေတီကွင်းကျေးရွာ ဂွ-သံတွဲကားလမ်းတွင် မောင်းနှင်လာသည့် ၁၀ ဘီးယာဉ်အား စစ်ဆေးရာ တရားမဝင်သယ်ဆောင်လာသည့် နွားအထီး ၂၄ ကောင် ကာလတန်ဖိုးငွေကျပ် သိန်း ၁၂၀ အား ဖမ်းဆီးရမိခဲ့သည်။

သံတွဲမြို့နေသူ ၁၀ ဘီးယာဉ်မောင်း နိုင်လင်း ၃၂နှစ် နှင့် ယာဉ်ပေါ်ပါ ရန်ရှင်းအောင် ၃၂ နှစ် တို့အား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly