မန်ချက်စတာဖျော်ဖြေပွဲကြောင့် ဗြိတိန်၏ အမျိုးသမီးသူရဲကောင်းဖြစ်လာသည့် အာရီရာနာဂရန်ဒီ

မန်ချက်စတာဖျော်ဖြေပွဲကြောင့် ဗြိတိန်၏ အမျိုးသမီးသူရဲကောင်းဖြစ်လာသည့် အာရီရာနာဂရန်ဒီ

လွန်ခဲ့သောမေလ ၂၂ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန်ချက်စတာ အသေခံဗုံးဖောက်ခွဲမှု မတိုင်မီအချိန်ထိ အမေရိကန်အဆိုတော် အာရီရာနာဂရန်ဒီသည် ဗြိတိန်၌ ရပ်သိရွာသိ ကျော်ကြားသူတစ်ယောက် မဟုတ်သေး သော်လည်း ရုပ်သံမှထုတ်လွှင့်ခဲ့သော ရန်ပုံငွေဖျော်ဖြေပွဲအပြီးတွင် ဗြိတိန်၏ အမျိုးသမီးသူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့သူများကို ထောက်ပံ့ပေးနိုင်ရန် ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရန်ဒီ၏ ရန်ပုံငွေဖျော်ဖြေပွဲသည် လက်မှတ်အားလုံး ရောင်းကုန်ခဲ့ယုံသာမက ထိုရှိုးပွဲကို ရုပ်သံမှတိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး တစ်နှစ်တာအတွင်း ဗြိတိန်၌ လူကြည့်အများဆုံး အစီအစဉ်တစ်ခု ဖြစ်ခဲ့သည်။

ဗြိတိန်နိုင်ငံသားများသည် အသက် ၂၃နှစ်အရွယ်ရှိ ထိုအဆိုတော်မလေးကို ကြည့်ရှုအားပေးခဲ့ကြပြီး ဘုရင်မ ကြီး အဲလီဇဘတ်၏ ဂုဏ်ထူးဆောင်ဆု ရရှိရန်အတွက် တောင်းဆိုပေးခဲ့ကြကာ မန်ချက်စတာမြို့၏ ဂုဏ်ထူး ဆောင်မြို့သူအဖြစ် ချီးမြှောက်ပေးရန် ဆန္ဒရှိနေကြသည်။

One Love Manchester ဟု အမည်ပေးထားသော ထိုရန်ပုံငွေပွဲတွင် သူမ၏ My Everything သီချင်းကို ပရိသတ် ၅သောင်းကျော်ရှေ့မှောက်၌ သီဆိုဖျော်ဖြေစဉ်တွင် ငိုကြွေးနေသော ကျောင်းသူလေးကို ဂရန်ဒီက ပွေ့ဖက်ခဲ့သည်။

ဖျော်ဖြေပွဲ၏ နောက်ဆုံးအစီအစဉ်၌ ဂရန်ဒီသည် Somewhere Over the Rainbow သီချင်းကို မျက်ရည်များ ကြားမှ သီဆိုခဲ့ပြီး ရှိုးပွဲကို အဆုံးသတ်ခဲ့သည်။

အင်္ဂါနေ့တွင်ဖော်ပြခဲ့သော ဗြိတိန်သတင်းဌာန Inependent သတင်းစာ၏ အဆိုအရ ဂရန်ဒီနှင့်သူမ၏အဖွဲ့ သည် မန်ချက်စတာဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေထပ်မံ ရှာဖွေလျက်ရှိကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly