ဝါရင့်တိုက်စစ်မှူး ဒီဖိုး ဆန်းဒါးလန်းမှ ဘုန်းမောက်သို့ ပြောင်းရွှေ့

ဝါရင့်တိုက်စစ်မှူး ဒီဖိုး ဆန်းဒါးလန်းမှ ဘုန်းမောက်သို့ ပြောင်းရွှေ့

ဇွန် ၇၊ အင်္ဂလန်။               ။ အသက် ၃၄နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးမှ ဆန်းဒါးလန်းအသင်းမှ ဘုန်းမောက်အသင်းသို့ ပြောင်းရွှေ့မည်ဟု အတည်ပြုခဲ့သည်။

ဒီဖိုးမှာ ဘုန်းမောက်အသင်းနှင့် သုံးနှစ်စာချုပ်မည်ဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၆၅၀၀၀ ရမည်ဖြစ်သည်။

ဒီဖိုးမှာ ဆန်းဒါးလန်းအသင်းတွင် နှစ်နှစ်ခွဲကစားခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၅ဂိုးအထိသွင်းယူနိုင်ခဲ့သည်။

ဆန်းဒါးလန်းနဲ့ နှစ်နှစ်ခွဲကျော်ဖြတ်ခဲ့ရတဲ့ကာလက ကျွန်တော့်အတွက် မမေ့နိုင်တဲ့ကာလတွေပါ။ အသင်းတန်းဆင်းခဲ့ရလို့ စိတ်မကောင်းပါဘူး။ ကစားသမားတစ်ယောက်ဘဝမှာ အပြောင်းအလဲဆိုတာက အမြဲကြုံတွေ့နေရမှာပါ။ ဟု ဒီဖိုးကပြောသည်။

ဒီဖိုးမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဝက်စ်ဟမ်းအသင်းနှင့်စတင်ခဲ့ပြီး ဘုန်းမောက်၊ စပါး၊ ပို့စ်မောက်၊ တိုရွန်တို၊ ဆန်းဒါးလန်းအသင်းများတွင်ကစားခဲ့ဖူးသည်။ ဒီဖိုးမှာ အသင်းသစ် ဘုန်းမောက်နှင့် ဇူလိုင်လတွင် စတင်ပူးပေါင်းမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required