ကမ္ဘာ့သြဇာအရှိဆုံး ဘောလုံးကလပ် အမှတ်တံဆိပ်များရဲ့ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ရီးယဲလ်မက်ဒရစ်

ကမ္ဘာ့သြဇာအရှိဆုံး ဘောလုံးကလပ် အမှတ်တံဆိပ်များရဲ့ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ရီးယဲလ်မက်ဒရစ်
၂၀၁၆-၁၇ ချန်ပီယံလိဂ် ချန်ပီယံဆုဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ရီးယဲလ်အသင်းအဖွဲ့သားများ။ (ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ကမ္ဘာ့သြဇာအရှိဆုံး ဘောလုံးကလပ် အမှတ်တံဆိပ်များရဲ့ စာရင်းတွင် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတယ်လို့ Brand Finance ရဲ့ လေ့လာချက်အရ သိရပါတယ်။

ရီးယဲလ်အသင်းဟာ ၂၀၁၆-၁၇ ရာသီမှာ သူတို့ရဲ့ (၃၃)ကြိမ်မြောက် လာလီဂါဖလားနှင့် ချန်ပီယံလိဂ်မှာ စံချိန်တင် (၁၂)ကြိမ်မြောက် ချန်ပီယံဖြစ်လာတဲ့အထိ အောင်မြင်မှုတွေကြောင့် အခုလို ကမ္ဘာ့သြဇာအရှိဆုံး ဘောလုံးကလပ် အမှတ်တံဆိပ်များစာရင်း ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ Brand Strength Index (BSI) အဆင့်သတ်မှတ်ချက် စုစုပေါင်းရမှတ် ၉၆.၁ နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာက ၉၅.၄ မှတ် ရရှိထားပါတယ်။

အဆိုပါ အဆင့်သတ်မှတ်ချက်ကို သတ်မှတ်ရာမှာ အားကစားကွင်းများရဲ့ ဝင်ဆံ့မှု၊ ဝန်ထမ်း အရည်အတွက်နှင့် တန်ဖိုး၊ လူမှုကွန်ရက်များပေါ်မှာ ၎င်းတို့ရဲ့ ရှိနေမှု၊ ကစားပွဲ ရလဒ်များ၊ ပရိတ်သတ်တွေရဲ့ စိတ်ကျေနပ်မှုနှင့် အားကစားကွင်းရဲ့ အသုံးပြုမှုနှင့် ဝင်ငွေတို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ထားပါတယ်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်း အမှတ်တံဆိပ်မှာတော့ ရီးယဲလ်ဟာ ယူရိုပါလိဂ်ချန်ပီယံ မန်ယူ (တန်ဖိုး ဒေါ်လာ ၁.၇၃၃ ဘီလီယံ)ရဲ့ နောက် ဒုတိယနေရာမှာ (တန်ဖိုး ဒေါ်လာ ၁.၄၁၉ ဘီလီယံ) ရှိနေပါတယ်။

မန်ယူအသင်းဟာ ယူအီးအက်ဖ်အေစူပါဖလားလုပွဲအတွက် ရီးယဲလ်အသင်းနဲ့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required