တူရကီလက်ရွေးစင်အဖြစ်မှ ဘာစီလိုနာကွင်းလယ်လူ အာဒါတူရန် အနားယူ

တူရကီလက်ရွေးစင်အဖြစ်မှ ဘာစီလိုနာကွင်းလယ်လူ အာဒါတူရန် အနားယူ
တနင်္လာနေ့က မက်ဆီဒိုးနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ ကစားသွားခဲ့တဲ့ အာဒါတူရန်။ (အီးပီအေ)

ဘာစီလိုနာကွင်းလယ်လူ အာဒါတူရန်ဟာ သတင်းထောက်တစ်ဦးကို တိုက်ခိုက်ခဲ့တဲ့အတွက် တူရကီလက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခဲ့ရပြီးနောက် မကြာမီမှာပဲ ၎င်းဟာ နိုင်ငံအသင်းမှ အနားယူလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာသွားခဲ့ပါတယ်။

တူရကီအသင်းခေါင်းဆောင်က ဒါဟာ ထွက်ခွာသွားဖို့နှင့် သူ့ရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်ဖို့ အချိန်ကျရောက်လာတာဖြစ်တယ်လို့ ထင်မြင်ကြောင်း တူရကီမီဒီယာတို့က ထုတ်လွှင့်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တူရန်ဟာ သတင်းထောက်တစ်ဦး တိုက်ခိုက်ခဲ့ပြီးနောက် တူရကီအသင်းနည်းပြ Fatih Terim က ဇွန်လ ၁၁ ရက်မှာ ကိုဆိုဗိုအသင်းနဲ့ ရင်ဆိုင်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဆလိုဗေးနီးယားရှိ လေ့ကျင့်ရေးစခန်းမှာ ပြင်ဆင်နေတဲ့ တူရကီအသင်းကနေ ၎င်းကစားသမားကို ထုတ်ပယ်ဖို့ အင်္ဂါနေ့အစောပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။

တနင်္လာနေ့က မက်ဆီဒိုးနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ ဂိုးမရှိ သရေကျပြီးနောက် တူရန်ဟာ တူရကီအသင်းရဲ့ လေယာဉ်ပေါ်မှာ သတင်းထောက် တစ်ဦးကို ကြိမ်းမောင်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

အာဒါတူရန်ဟာ တူရကီသအင်းမှာ ၂၀၀၆ ခုနှစ်ကတည်းက ပါဝင်ကစားခဲ့ပြီး တူရကီမှာ ထင်ရှားတဲ့ ကစားသမားထဲက တစ်ဦးဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required