ရှော်ကေးမှ ဘော့စနီးယား နောက်ခံလူကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူစာချုပ်ခဲ့ကြောင်း အာဆင်နယ် အတည်ပြု

ရှော်ကေးမှ ဘော့စနီးယား နောက်ခံလူကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူစာချုပ်ခဲ့ကြောင်း အာဆင်နယ် အတည်ပြု
ဘော့စနီးယား ကစားသမား ကိုလာဆီနက်။ (ဓာတ်ပုံ - အာဆင်နယ်)

နောက်ခံလူ ကိုလာဆီနက်ဟာ ရှော်လ်ကေးအသင်းမှ အင်္ဂလန်ကလပ်အသင်းသို့ နှစ်ရှည်စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီကြောင်း အာဆင်နယ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်  ဘော့စနီးယား ကစားသမား ကိုလာဆီနက်ဟာ ဂျာမန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ အာဆင်နယ်အသင်းသို့  အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းတော့မှာဖြစ်ပါတယ်။

အဆိုပါနောက်ခံကစားသမားဟာ အာဆင်နယ်အသင်းမှာ ဘယ်အစွန် နောက်ခံလူများဖြစ်တဲ့ စပိန်ကစားသမား နာချို မွန်ရီယဲလ်၊ အင်္ဂလန်ကစားမား ဂစ်ဘ်တို့နှင့်အပြိုင် နေရာလုရမှာဖြစ်ပါတယ်။

မန်စီးတီးနှင့် မီလန်အသင်းအပါအဝင် ဥရောပအသင်းအများအပြားက ကိုလာဆီနက်ကို ခေါ်ယူစာချုပ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။

ကိုလာဆီနက်မှာ အာဆင်နယ်ရဲ့ ယခုနှစ်နွေရာသီမှာ ပထမဆုံး ခေါ်ယူမှုဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဂျာမနီလူငယ်လက်ရွေးစင်အသင်းမှာ ကစားခဲ့ဖူးတဲ့ ကိုလာဆီနက်ဟာ ၎င်းရဲ့ မိဘတွေရဲ့ မွေးရပ်မြေ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားသို့ ပြောင်းရွှေ့ဖို့ ၂၀၁၃ ခုနှစ်မှာ ၂၀၁၃ ခုနှစ်က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံအသင်းအတွက် (၁၇) ပွဲကစားပေးထားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required