မာဃ Landmark နဲ့ Royal Sky ကုမ္ပဏီတို့ အိမ်ခြံမြေဆောက်လုပ်ရေးဆု ဆန်ခါတင်ရွေးခံရ

မာဃ Landmark နဲ့ Royal Sky ကုမ္ပဏီတို့ အိမ်ခြံမြေဆောက်လုပ်ရေးဆု ဆန်ခါတင်ရွေးခံရ

PropertyGuru က ပေးတဲ့ အိမ်ခြံမြေဆောက်လုပ်ရေးဆုအတွက် မြန်မာနိုင်ငံက ဆောက်လုပ်ရေး ကုမ္ပဏီ ၁၂ခုက ရွေးချယ်ခံထားရပါတယ်။ အဲ့ဒီ့ထဲကမှ ဆုရရှိတဲ့ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံက အိမ်ခြံမြေဆောက်လုပ်ရေးဆု ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မာဃLandmark နှင့် Royal Skyကုမ္ပဏီတို့က ဆန်ခါတင်ဆု ၅ဆု စာရင်းဝင်နေပြီး ရွှေတောင်လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်နိုင်ဇော်က တစ်နှစ်အတွင်း အိမ်ခြံမြေဆိုင်ရာ ပုဂ္ဂိုလ်ဆုရရှိခဲ့သည်။

အိမ်ခြံမြေဆောက်လုပ်ရေးဆုပေးပွဲရဲ့ နောက်ဆုံးအဆင့် ဆန်ခါတင်စားရင်ထဲမှာပါဝင်တဲ့ ကုမ္ပဏီ၁၂ခုကိုလည်း ဇွန်လ ၆ရက်က ကြေညာပေးခဲ့ပါတယ်။

“Myanmar Property Awards မှာဆုရသွားမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ ဒီဆုရထားတဲ့သူတွေဟာ စင်္ကာပူနိုင်ငံမှာပြုလုပ်မယ့် အရှေ့တောင်အာရှမှာ ဆုရထားတဲ့နိုင်ငံတွေ အားလုံးပေါင်းပြီး   ပြန်လည်ယှဉ်ပြိုင်တဲ့ပွဲမှာ ဆုတွေရဖို့အတွက် ထပ်ပြိုင်လို့ရပါတယ်။” လို့ မချောက်မေဦးက ပြောပါတယ်။

PropertyGuru အာရှအိမ်ခြံမြေဆောက်လုပ်ရေးဆုပေးပွဲ တည်ထောင်သူ တယ်ရီဘလက်ဘန်းက ဆောက်လုပ်ရေးဆုတွေအတွက် သေချာစိစစ်ပြီးမှ လျှောက်လွှာဖောင်တွေကို လက်ခံတယ်လို့ပြောပါတယ်။

“စလျှောက်ပြီးဆိုတည်းက ဒီတေးဖြည့်ရတဲ့ဖောင်တွေရှိတယ်ပေ့ါနော်။ ဒီAwards အတွက် စပြီး လျှောက်ကတည်းက ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့ အကြောင်းတွေ အသေးစိတ်ရေးရတယ်။ လုပ်ငန်းခွင်စီမံကိန်းတွေမှာပါ သွားရောက်မေးမြန်မှုတွေလည်း လုပ်ဆောင်ပါတယ်။” လို့ ပြောပါတယ်။

PropertyGuru ဟာ ၂၀၁၅ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံမှာ မြန်မာအိမ်ခြံမြေ ဆောက်လုပ်ရေးဆုပေးပွဲတွေကို ကျင်းပခဲ့ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အကောင်းဆုံး စွမ်းဆောင်ခဲ့ကြသည့်   ဆောက်လုပ်ရေး လုပ်ငန်းရှင်များနဲ့ ဆောက်လုပ်ရေးစီမံကိန်းများကို အသိအမှတ်ပြုဆုတွေချီးမြှင့်ပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required