လာမည့်ဆောင်းဦးရာသီတွင် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည့် Super Junior အဖွဲ့

လာမည့်ဆောင်းဦးရာသီတွင် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည့် Super Junior အဖွဲ့

တောင်ကိုရီးယား ပေါ့ပ်ဂီတအဖွဲ့ Super Junior သည် လာမည့်ဆောင်းဦးရာသီတွင် ပရိသတ်များနှင့် တွေ့ဆုံ ပွဲပြုလုပ်ပြီးနောက် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်တော့မည် ဖြစ်ကြောင်း Star News သတင်းဌာန၏ အဆိုအရသိရသည်။

ထိုသတင်းဌာန၏ တင်ပြချက်အရ SM Entertainment မှ အမျိုးသားဂီတအဖွဲ့ Super Junior သည် သူတို့၏ သီချင်းအသစ်များကို အောက်တိုဘာအနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလလောက်တွင်   ဖြန့်ချိသွားရန်ရှိကြောင်း သိရသည်။ Super Junior အဖွဲ့၏ နောက်ဆုံးထွက်ရှိထားသော တေးအယ်လ်ဘမ်မှာ လွန်ခဲ့သော ၂နှစ်နီးပါးခန့် က သူတို့အဖွဲ့၏ ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချီခဲ့သည့် Magic အမည်ရှိ အယ်လ်ဘမ်ဖြစ်သည်။

အဖွဲ့ဝင်အများစုသည် စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီဖြစ်တာကြောင့် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ် ကိုင်ရန် စတင်လာခြင်းဖြစ်သည်။ အဖွဲ့ဝင် Eunhyk နှင့် Donghae တို့သည် ဂျူလိုင်လတွင် စစ်မှုထမ်းတာဝန် ပြီးဆုံးမည်ဖြစ်ပြီး Choic Siwon သည် လာမည့် သြဂုတ်လတွင် တာဝန်ပြီးဆုံးမည်ဖြစ်သည်။

အဖွဲ့ဝင်အားလုံးနီးပါး ပြန်ဆုံတော့မည်ဖြစ်သော်လည်း Ryeowook နှင့် Kyuhyun တို့သည် သူတို့၏ စစ်မှုထမ်း တာဝန် မပြီးဆုံးသေးသောကြောင့် ပရိသတ်ရှေ့မှောက်သို့   ရောက်ရှိလာဦးမည်မဟုတ်ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly