One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲသို့ မတက်ရောက်သည့်အကြောင်းရင်းကို Usher ရှင်းလင်း

One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲသို့ မတက်ရောက်သည့်အကြောင်းရင်းကို Usher ရှင်းလင်း

အမေရိကန်အဆိုတော် Usher က One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ဆီးချိုရောဂါခံစားနေရသော သူ၏ သားဖြစ်သူနှင့်အတူ ရှိနေပေးရသောကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဆုံးရှုံးခဲ့ရသူများကို ရည်ရွယ်၍ ကျင်းပသော အဆိုပါ ရန်ပုံ ငွေပွဲတွင် ဖျော်ဖြေမည့်အဆိုရှင်စာရင်း၌ Usher ၏ နာမည်ပါဝင်ခဲ့သောကြောင့် ပရိသတ်များက သူဘာကြောင့် မတက်ရောက်နိုင်ခဲ့သလဲဆိုတာကို ဇဝေဇဝါဖြစ်ခဲ့ကြသည်။

ထို့ကြောင့် Usher က သူ၏သားဖြစ်သူ၏ နွေရာသီစခန်းထွက်ခြင်းတွင် အတူတကွရှိနေပေးရသောကြောင့် ဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။

“မေတ္တာတရားဟာ အမြဲတမ်းလွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတာကို မနေ့ညက ကျင်းပခဲ့တဲ့ မန်ချက်စတာဖျော်ဖြေပွဲ က သက်သေပြလိုက်တာပါပဲ” ဟု Usher က သူ၏ အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

အစောပိုင်းတုန်းက သူမတက်ရောက်နိုင်သည့် အကြောင်းရင်းကို ရှင်းလင်းခဲ့ခြင်းမရှိသော်လည်း မန်ချက်စတာ ပရိသတ်များအား ဗီဒီယို သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။

“ကျွန်တော့်ရဲ့ နှလုံးသားဟာ မန်ချက်စတာနှင့်အတူရှိနေမှာပါ။ ခင်ဗျားတို့ရဲ့ ထိခိုက်ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခံစားနေရ တဲ့ နာကျင်မှုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး” ဟု ထိုဗီဒီယိုထဲတွင် သူက ပြောခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ Usher သည် အဆိုပါရန်ပုံငွေပွဲတွင် ဖျော်ဖြေမည့် အဆိုရှင်စာရင်း၌ ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ်တို့နှင့်အတူ ထည့်သွင်းဖော်ပြခံခဲ့ရကာ သူမတက်ရောက်နိုင်ခဲ့သော်လည်း အခြားအဆိုရှင်များ အစုံအလင် တက်ရောက်နိုင်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly