ရေဘေးဒုက္ခသည်များအတွက် အကူညီများအပေါ် အခွန်ကောက်ခံမှု အမြန်ရပ်ရန် Myanmar CSO Forum ထုတ်ပြန်

ရေဘေးဒုက္ခသည်များအတွက် အကူညီများအပေါ် အခွန်ကောက်ခံမှု အမြန်ရပ်ရန် Myanmar CSO Forum ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်း အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူသိန်းနှင့်ချီ ရေဘေးဒုက္ခရောက်ကာ စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေပြီး ထိုသူများအတွက် သွားရောက်ကူညီလှူဒါန်းမှုအပေါ် အခွန် ကောက်ခံခြင်းအား အမြန်ဆုံး ရပ်တန့်ရပ် Myanmar CSO Forumက သြဂုတ် ၃ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ရေဘေးဒဏ်ခံရသောပြည်သူများအား ကူညီနေကြသော စေတနာ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို ဟန့်တားနှောက်ယှက်ခြင်းမပြုရန် နှင့် အသိအမှတ် အမှတ်ပြု ခွင့်ပြုပေးပြီး စနစ်တကျဖြစ်စေရန်အတွက် လက်တွဲလုပ်ဆောင်သွားရန် အစိုးရကို တိုက်တွန်းထားသည်။

လက်ရှိ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် အစိုးရအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊  မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်များကို လွန်ခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့  သဘာဝဘေးအန္တရာယ် ကျရောက်နေသော နေရာများအဖြစ် ကြေညာခဲ့သော်လည်း ထိုသို့ကြေညာမှုသည် အလွန်တရာနှောင့်နှေးပြိး အမှန်တကယ် အလျင်အမြန် ထိရောက်သည့် လုပ်ဆောင်မှုများကို လက်တွေ့ မဆောင်ရွက်နိုင်ခဲ့ဟု ဝေဖန်ထားသည်။

အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် သိန်းနှင့်ချီသည့် ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေသည့်အပေါ် အထူး စိုးရိမ်ပူပန်လျက်ရှိပြီး အစိုးရအနေဖြင့် အကူအညီ လိုအပ်နေသည့် နေရာများကို ခွဲခြားမှုမရှိဘဲ အကူအညီ အလျင်အမြန် ရောက်ရှိရေး လုပ်ဆောင်ရန် နှင့် လိုအပ်သည့် အကူအညီများအတွက် နိုင်ငံတော် ဘတ်ဂျက်မှ စနစ်တကျ သုံးစွဲရန် နှင့် လိုအပ်ပါက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများကိုလည်း ကန့်သတ် ချုပ်ချယ်မှု မပြုရန် တိုက်တွန်းထားသေးသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့တွင် အဆိုးဝါးဆုံး ရေကြီးရေလျှံမှု ဖြစ်နေပြီး လူသိန်းနှင့်ချီ ရေဘေးဒုက္ခ ခံစားနေရပြီး သြဂုတ် ၂ရက်ထိ သေဆုံးသူ ၄၇ဦးထက်မနည်း ရှိနေပြီဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required