T.O.P ၏ ဆေးခြောက်အမှုနှင့် ပတ်သက်၍ BIGBANG အဖွဲ့မှ G-Dragon တောင်းပန်ဖြေရှင်း

T.O.P ၏ ဆေးခြောက်အမှုနှင့် ပတ်သက်၍ BIGBANG အဖွဲ့မှ G-Dragon တောင်းပန်ဖြေရှင်း

ဂျပန်သတင်းစာ Daily Sports ၏ အဆိုအရ တောင်ကိုရီးယား ဂီတအဖွဲ့ BIGBANG ၏ ပရိသတ်များနှင့် တွေ့ဆုံပွဲ၌ G-Dragon သည် အဖွဲ့ဝင်T.O.P ၏ ဆေးခြောက်အမှု အရှုပ်အရှင်းနှင့် ပတ်သက်၍ ပရိသတ်များကို တောင်းပန်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ရက်နေ့တွင် ဂျပန်နိုင်ငံ ဘေ့စ်ဘောအားကစားကွင်း Kyocera Dome ၌ ပြုလုပ်ခဲ့သော BIGBANG အဖွဲ့၏ ပရိတ်သတ်များနှင့် တွေ့ဆုံပွဲကို T.O.P မှလွဲ၍ အခြားအဖွဲ့ဝင်များအားလုံး စုံစုံညီညီတက်ရောက်ခဲ့ သည်။ ပွဲ၏ အစပိုင်းတွင် G-Dragon က “ ကျနော်တို့ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါ တယ်။ ဒီလိုမျိုး ဘယ်တော့မှထပ်မဖြစ်အောင် ကျွန်တော်တို့ဆင်ခြင်ပါ့မယ်။ ကျွန်တော်တို့ကို ဆက်လက်အားပေးပါဦး” ဟု ပြောခဲ့သည်။

လက်ရှိအချိန်တွင်လည်း BIGBANG အဖွဲ့ဝင် T.O.P သည် ဆေးခြောက်သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဝန်ခံခဲ့ပြီး လက်ရေးမူဖြင့် ရေးသားထားသော တောင်းပန်စာကို အွန်လိုင်းပေါ်သို့တင်ခဲ့ကာ ပရိတ်သတ်များအား တောင်းပန်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly