အိမ်ထောင်ပြုမည့်အချိန်အား ပြန်လည်စဉ်းစားသုံးသပ်ခဲ့သည့် ပါ့ခ်ရှင်ဟေး

အိမ်ထောင်ပြုမည့်အချိန်အား ပြန်လည်စဉ်းစားသုံးသပ်ခဲ့သည့် ပါ့ခ်ရှင်ဟေး

Vogue Taiwan မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပါ့ခ်ရှင်ဟေးသည် မည်သည့်အချိန်တွင် အိမ်ထောင်ပြုမလဲဆိုသည့် မေးခွန်းကို သူမ၏ခံစားချက်အတိုင်း ဖွင့်ဟဖြေကြားခဲ့သည်။

သူမသည် ယခင်က အသက် ၃၀ မတိုင်မီတွင် အိမ်ထောင်ပြုမည်ဟု ပြောဆိုခဲ့ဖူးပြီး ထိုပြောဆိုချက်နှင့် ပက်သက်၍ ထပ်မံမေးမြန်းခဲ့ချိန်တွင် ပါ့ခ်ရှင်ဟေးက “ သင့်တော်တဲ့ သူပေါ်လာတဲ့အချိန်မှာ ကျွန်မအိမ်ထောင်ပြုဖြစ်မှာပါ” ဟု ဖြေကြားခဲ့သည်။

သို့သော်လည်း သူမက ဆက်လက်ပြီး “ ပြသနာကတော့ သင့်တော်တဲ့သူ တစ်ယောက်မှ မတွေ့သေးတာပါပဲ” ဟု ပြောခဲ့သည်။ ဒါ့အပြင် ပါ့ခ်ရှင်ဟေးက သူမသည် အသက် ၂၈ နှစ်သာရှိသေးတာကြောင့် အိမ်ထောင်ပြုဖို့ စဉ်းစားရန် ငယ်ရွယ်သေးကြောင်း ပြောခဲ့သည်။

လောလောဆယ်တွင် ပါ့ခ်ရှင်ဟေးသည် Flower Of Angle ဟု အမည်ပေးထားသော သူမ၏ ၂၀၁၇ အာရှ နယ်လှည့်ခရီးစဉ်အတွက် ပြင်ဆင်နေပြီး လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ဟောင်ကောင်မှ စတင်သွားမည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly