မနီလာကာစီနိုရုံ တိုက်ခိုက်ခံရမှု၏ တရားခံမှာ လောင်းကစားကြွေးများရှိသော အရာရှိဟောင်းတစ်ဦးဖြစ်

မနီလာကာစီနိုရုံ တိုက်ခိုက်ခံရမှု၏ တရားခံမှာ လောင်းကစားကြွေးများရှိသော အရာရှိဟောင်းတစ်ဦးဖြစ်

မနီလာ ဂျွန် ၄ ။           ။ လူ ၃၈ဦးကို သေဆုံးစေခဲ့သော မနီလာကာစီနို လောင်းကစားရုံ တိုက်ခိုက်ခံရမှု၏ လက်သည်တရားခံမှာ လောင်းကစားကြွေးများ တပုံတပင်ရှိသော အစိုးရအရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

အသက် ၄၂နှစ်အရွယ်ရှိ ဂျက်စီဂျာဗီးယားကားလို့စ်သည် ဘဏ္ဍာရေးဌာနမှ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး Resort World Manila ထဲသို့ အမ် ၄ အော်တိုမက်တစ် ရိုင်ဖယ်ကိုင်ဆောင်၍ ကြာသာပတေးနေ့က ဝင်ရောက် ခဲ့ပြီး လေထဲသို့အရမ်းမဲ့ ပစ်ဖောက်ခဲ့ကြောင်း မနီလာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အော်စကာအယ်ဘာရယ်ဒီ က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ထို့နောက်တွင် ကားလို့စ်သည် လုံခြုံရေးအစောင့်များ၏ ပစ်ခတ်ခြင်းကို မခံရမီတွင် လောင်းကစားခုံများကို မီးတင်ရှို့ခဲ့ပြီး ဒေါ်လာ၂သန်းခန့် တန်ဖိုးရှိသော တုံကင်ပြားများကို လုယက်ခဲ့ကြောင်း စီစီတီဗီမှတ်တမ်းများ အရ သိရသည်။ ထို့နောက်တွင် သူသည်အခန်းထဲသို့ ဆုတ်ခွာသွားခဲ့ပြီး သူ့ကိုယ်သူမီးတင်ရှို့ခဲ့ကြောင်း သိရ သည်။

မီးလောင်ကျွမ်းမှုအတွင်း လူပေါင်း ၃၇ဦးသည် မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့ပြီး တိုက်ခိုက်သူ သည် လူများကို မီးတင်ရှို့ခဲ့ခြင်းမဟုတ်ကြောင်း သိရသည်။

အယ်ဘာရယ်ဒီက ကားလို့စ်သည် လောင်းကစားစွဲနေသူတစ်ဦးဖြစ်ကာ ဘဏ်ကိုအကြွေး ပီဆို၄သန်းခန့် (ဒေါ်လာ ၈၂၈၀၀) တင်ရှိနေသလို အခြားအကြွေးများလည်းရှိနေပြီး အိုင်အက်စ်တို့နှင့် ပက်သက်ဆက်နွယ်မှု မရှိကြောင်း ပြောခဲ့သည်။

တိုက်ခိုက်သူတွင် ကလေး၃ဦးနှင့် ဇနီးသည်ကျန်ရစ်ခဲ့သည်။ သူ၏ ဇနီးသည်နှင့် ဖခင်ဖြစ်သူတို့သည် တနင်္ဂနွေ နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို တောင်းပန်စကား ပြောကြားခဲ့သည်။

ကနဦးတွင် အိုက်အက်စ်တို့က ကာစီနိုရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်းနှင့် တိုက်ခိုက်သူသည် ဖိလစ်ပိုင်မှ ၎င်းတို့၏အဖွဲ့ဝင်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း ဖိလစ်ပိုင်အာဏာပိုင်များက Resorts World Manila တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် အကြမ်းဖက်သမားများနှင့် ဆက်နွယ်သည့် လက္ခဏာများမရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required