ဒေသန္တရရွေးကောက်ပွဲအတွက် သန်းနှင့်ချီသော ကမ္ဘောဒီးယားလူမျိုးများ မဲပေးရန်တန်းစီ

ဒေသန္တရရွေးကောက်ပွဲအတွက် သန်းနှင့်ချီသော ကမ္ဘောဒီးယားလူမျိုးများ မဲပေးရန်တန်းစီ

ဇွန် ၄ ။            ။ ကမ္ဘောဒီးယားနိုင်ငံ၌ တနင်္ဂနွေနေ့တွင် ကျင်းပနေသော ဒေသန္တရရွေးကောက်ပွဲအတွင်း ဒေသတွင်းကိုယ်စား လှယ်လောင်းများကို မဲပေးရွေးချယ်ရန်အတွက် သန်းနှင့်ချီသော ကမ္ဘောဒီးယားနိုင်ငံသားများသည် မဲရုံသို့သွား ရောက်တန်းစီနေကြပြီး လာမည့်နှစ်တွင်ကျင်းပမည့် လက်ရှိအာဏာရပါတီနှင့် အတိုက်အခံများကြားယှဉ်ပြိုင် မည့် အထွေထွေရွေးကောက်ပွဲအတွက် စိတ်ပါဝင်စားမှုများ မြင့်တက်နေသည်။

မဲပေးရန်စာရင်းပေးသည့် လူဦးရေ ၇.၈သန်းခန့်ရှိပြီး ကိုယ်စားလှယ်လောင်း ၈၈၀၀၀ခန့်သည် မတူညီသော ဒေသ ၁၆၄၆ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် ၂၀၁၃ အထွေထွေရွေးကောက်ပွဲပြီးကတည်းက ပထမဦးဆုံးအကြိမ်ပြန်လည် ကျင်းပ သည့်ရွေးကောက်ပွဲဖြစ်သည်။ ဝန်ကြီးချုပ်ဟန်ဆန်သည် ၁၉၈၅ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့ခြင်း ဖြစ်ပြီး သူ၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ခွက်ခွက်လန်အောင်ရှုံးခဲ့သော်လည်း သူ၏ရာထူးကို သက်တမ်းတိုးခဲ့သည်။

CPP ပါတီသည် ဒေသတွင်းရွေးကောက်ပွဲများတွင် ကြီးစိုးခြယ်လှယ်ထားသည်မှာ ဆယ်စုနှစ်၂စုကျော် ကြာမြင့် ပြီဖြစ်သော်လည်း လာမည့် ၂၀၁၈ခုနှစ် ဂျူလိုင်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏အဓိက အတိုက်အခံဖြစ်လာမည့် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရ သည်။

အတိုက်အခံများ၏ စိန်ခေါ်မှုကြောင့် ဟန်ဆန်သည် ၎င်း၏ ပါတီရှုံးနိမ့်ခဲ့ပါက နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွား သွားနိုင်ကြောင်း ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်တုန်းက သတိပေးခြိမ်းခြောက်ခဲ့သည်။

ဟန်ဆန်သည် အတိုက်အခံများအား ရွေးကောက်ပွဲရလာဒ်ကို လက်ခံရန် တိုက်တွန်းခဲ့ပြီး မဲပေးသူများကိုလည်း လက်ရှိအစိုးရမှ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်မှုများနှင့် အတိုက်အခံများမှ ဖော်ဆောင် မည့် ပရမ်းပတာများ၊ ဖျက်ဆီးမှုများကြားမှ တစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ပါဟု ပြောခဲ့သည်။

CNRP ပါတီကလည်း ပြီးခဲ့သော သောကြာနေ့က ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးရေး၌ မဲပေးသူများကို မည်သည့် လွှမ်းမိုးခြင်းကိုမှမခံဘဲ ဒေသတွင်းခေါင်းဆောင်ကို လွတ်လပ်စွာရွေးချယ်ကြရန် တိုက်တွန်းခဲ့သည်။

အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါကလည်း ဖနွမ်းပင်မြို့ ဆင်ခြေဖုံးရှိမဲရုံများမှ မဲပေးမှုများကို ကြည့်ရှုအပြီးတွင် သူ၏ CNRP ပါတီ အောင်ပွဲခံမည်ဟု ယုံကြည်လျက်ရှိသည်။

ဖနွမ်းပင်ပို့စ်သတင်းစာ၏ အဆိုအရ ဆိုခါက “ ကျနော်တို့မှာ မျှော်လင့်ချက်ရှိပါတယ်။ ဒါပေမယ့်အဲဒါက ပြည်သူ တွေအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ ၆၀ ရာခိုင်နှုန်းကျော်ခန့် အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required