ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းတွင် မိုရီယန်တေးစ် အပျော်တမ်းဘောလုံးကန်

ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းတွင် မိုရီယန်တေးစ် အပျော်တမ်းဘောလုံးကန်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ ဇွန်လ ၃ ။             ။ မြန်မာနိုင်ငံကို ရောက်ရှိနေသော ရီးရဲမက်ဒရစ်နှင့် စပိန်တိုက်စစ်မှူးဟောင်းမိုရီယန်တေးစ်သည် ယနေ့ ဇွန်လ ၃ ရက်တွင် ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းသို့ သွားရောက်ကာ အပျော်တမ်း ဘောလုံးကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက်နည်းပြအပါအဝင် လူငယ်များနှင့် နှစ်ဘက်ခွဲကစားခဲ့ရာ မိုရီယန်တေးစ်က တစ်ဂိုးသွင်းယူခဲ့သည်။

ထို့အပြင်အပျော်တမ်းဘောလုံးဂိမ်းအချို့ကစားခဲ့ပြီး ဝိုင်းခြင်းခပ်ရာတွင်လည်း မိုရီယန်တေးစ် ပါဝင်ကစားခဲ့သည်။ မိုရီယန်တေးစ်သည် UEFA၏ ချန်ပီယံလိဂ်ပြိုင်ပွဲမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် Heineken ရဲ့ Champion The Match အတွက် မြန်မာနိုင်ငံကို ဇွန်လ ၂ ရက်က လာရောက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် Melia ဟိုတယ်၌ မြန်မာပရိသတ်၁၀၀နှင့်အတူ ဂျူဗင်တပ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ရှုအားပေးမည်ဖြစ်သည်။

မိုရီယန်တေးသည် ရီးရဲလ်မက်ဒရစ်တွင် ခြေစွမ်းပြခဲ့ပြီးနောက် လီဗာပူးနှင့်မိုနာကို အသင်းများသို့ ရွှေ့ပြောင်းကစားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ် မြှင့်တင်ရေးအစီအစဉ်အဖြစ်  အာဆင်နယ် ကစားသမားဟောင်း ယွန်ဘက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly