မကွေးတွင် ခိုးယူခံရသော ကျပ် သိန်းရာကျော်ခိုးယူသူအား နေ့ချင်းဖမ်းမိ

မကွေးတွင် ခိုးယူခံရသော ကျပ် သိန်းရာကျော်ခိုးယူသူအား နေ့ချင်းဖမ်းမိ

မကွေး၊ ဇွန်လ ၃ ရက် ။                  ။ မကွေးမြို့တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ်သိန်းရာကျော်အခိုးခံရ၍ အခိုးခံရသူမှ မကွေးအမှတ်(၂)နယ်မြေစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ   ငွေခိုးယူသွားသူအား နေ့ချင်း ဖမ်းမိခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက်၂နာရီကျော်ခန့်က မကွေးမြို့ အောင်မင်္ဂလာအုပ်စု ရန်ကင်းရပ်ကွက်နေ ကုန်သည် ဦးနေလင်းအောင်အိမ်မှကုန်ကြွေး ရရှိထားသော ငွေကျပ် (၁၆၈)သိန်း ၊သေတ္တာအတွင်း ရှိငွေ ကျပ်(၅၈၀၀၀၀)ကျပ် စုစုပေါင်းငွေ ကျပ်(၁၇၃၈၀၀၀၀)ကျပ်အနက် ကျပ်(၁၆၈)သိန်း အခိုးခံရ၍ မကွေးမြို့ အမှတ်(၂)နယ်မြေစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း နယ်မြေစခန်းမှ သိရသည်။

အမှုနှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက်.အခင်းဖြစ်ပြီး တိုင်တန်းပြီးချိန်မှစ၍ မကွေးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ထူးက ကွပ်ကဲ၍ စုံစမ်းမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ရန်ဝေးရပ်၊အဝေရာလမ်းရှိ တည်းခိုခန်းတစ်ခုတွင် မသင်္ကာဖွယ် လူငယ်တစ်ဦးမှာ ငွေကြေးအမြောက်အများ သုံးစွဲနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး သတင်းပေးခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က  ယနေ့  ဇွန်လ ၃ ရက်၊ ညနေ ၃နာရီကျော်ခန့်အချိန် မသင်္ကာသူ လူငယ်တည်းခိုနေသော တည်းခိုခန်း၊ အခန်းအမှတ် ၁ အား ဝင်ရောက်စစ်ဆေးခဲ့ရာ.အခန်းတံခါးအား ဖွင့်မပေးသဖြင့် ပြူတင်းပေါက်နှင့့်သံဇကာအား ချိုးဖျက်ဝင်ရောက်ကာ လုံးထွေး ဖမ်းဆီးခဲ့ပြီး ၎င်းခိုးယူခဲ့သော ငွေများအနက် ငွေ ၁၆၅ သိန်းကျော်နှင့် ခိုးယူရရှိငွေဖြင့် ဝယ်ယူခဲ့သော တန်ဖိုး၁၀ သိန်းတန် I phone အဖြူရောင် ၊ ငွေများထည့်ထားသော ခရီးဆောင်အိတ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါငွေများအားခိုးယူသွားသောချစ်ခိုင်(ခ)ချစ်မင်းကို.(၁၇ )နှစ် (ဖ).ဦးကျော်ဆွေ မုန့်လုပ်ဆရာ ၊ညံတောအင်းကျေးရွာ၊ဆင်ပေါင်ဝဲမြို့နယ်နေသူအား မကွေးမြို့ နယ်မြေစခန်းမှ (ပ)၃၇၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly