သန့်စင်သောဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း သမ္မတအိုဘားမား ချမှတ်လုပ်ဆောင်မည်

သန့်စင်သောဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း သမ္မတအိုဘားမား ချမှတ်လုပ်ဆောင်မည်

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် "အကြီးကျယ်ဆုံး၊ အရေးကြီးဆုံး ခြေလှမ်းကို ကျွန်တော်တို့ စတင်ခြင်း" ဟူ၍ ရည်ညွန်းပြောဆိုထားသည့် အစီအစဉ်တစ်ရပ်ကို သမ္မတအိုဘားမားက ချမှတ်လုပ်ဆောင်မည်ဖြစ်သည်။

သန့်စင်သော ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို အိုဘားမားက ချမှတ်အကောင်အထည်ဖော်ကာ ၁၅ နှစ်အတွင်း အမေရိကန်ရှိ ဓာတ်အားပေးစက်ရုံများမှ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လုပ်ခြင်းကို သုံးဆနီးပါး လျှော့ချသွားမည်ဖြစ်သည်။

စီမံကိန်းအားဖြင့် လေအားနှင့် ဆိုလာစွမ်းအင်ထုတ်လုပ်ခြင်းများနှင့်အတူ အခြားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

သို့သော်လည်း စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများမှ အတိုက်အခံများက အိုဘားမားက နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် သုံးပုံတစ်ပုံကျော်ကို ဖြည့်ဆည်းပေးနေသည့် ကျောက်မီးသွေးစွမ်းအင်အပေါ် တိုက်ခိုက်မှုပြုခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

သမ္မတအိုဘားမား၏ စီမံကိန်းအရ ၂၀၃၀ ခုနှစ်တွင် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမှ ကာဗွန်ထွက်ရှိမှုကို ၃၂ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်မည်ဖြစ်သည်။

အမေရိကန် ပြည်နယ်တိုင်းက ယခုစီမံကိန်းတွင် ပါဝင်ကာ ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချသွားရေးတွင် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်သည်။

သမ္မတနှင့် အစိုးရအဖွဲ့က ရာသီဥတုပြောင်းလဲမှုအတွက် ဖြေရှင်းခြင်းလုပ်ငန်းစဉ် အစ ဖြစ်သည်ဟု အိမ်ဖြူတော်က ယင်းစီမံကိန်းအား ထုတ်ပြန်ဖော်ပြခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required