ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ ရန်ကုန်တွင် ဒုတိယအကြိမ် ကျင်းပမည်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ ရန်ကုန်တွင် ဒုတိယအကြိမ် ကျင်းပမည်

ရန်ကုန်၊ ဇွန်လ ၃ ။              ။ World Lethwei Championship (WLC 2) လက်ဝှေ့ပြိုင်ပွဲကြီးကို  ဒုတိယအကြိမ်အဖြစ် လာမည့် ဇွန်လ ၁၀ရက်နေ့၊ ညနေ ၆ နာရီမှာ သုဝဏ္ဏမိုးလုံလေလုံခန်းမ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ် ။

ပြိုင်ပွဲမှာ အဓိကပါဝင်တဲ့ တွဲဆိုင်းတွေကတော့ မစ်ဒယ်ဝိတ်တန်းမှာ ကြယ်လင်းအောင်(တောင်ကလေး )နဲ့ ဘိုစတာ (အမေရိကန်)၊ လိုက်မစ်ဒယ်ဝိတ်တန်းမှာတော့ စိုးလင်းဦး (ဒို့ရိုးရာ) နဲ့ ဆာလာဒိုက် (ပိုလန်) ၊ မစ်ဒယ်ဝိတ်တန်းမှာတော့ တူးတူး (နဂါးမာန် ) နဲ့ ဂျိမ်းစ်ဘီနယ်လ် (ပြင်သစ်) တို့ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး လိုက်မစ်ဒယ်ဝိတ်တန်းမှာတော့ ဖိုးသော် (အဖြူရောင်သွေးသစ်) နဲ့ဖစ်ဇ်ရွိုင်း ( သြစတေးလျ) တို့ အပါအဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး  လက်ဝှေ့တွဲဆိုင်း ၉ ဆိုင်း ဖြစ်ပါတယ်။

WLC2  လက်ဝှေ့ပြိုင်ကြီးရဲ့ မီဒီယာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၃ ရက်၊ နေ့လည်ပိုင်းမှာ မြရိပ်ညိုဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ဥက္ကဋ္ဌ ဦးသိန်းအောင် အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြန်မာလက်ခမောင်း လက်ဝှေ့အဖွဲ့ ဥက္ကဋ္ဌ ဦးဇေသီဟက ပွဲအစီစဉ်များအကြောင်း မီဒီယာနှင့်ဖိတ်ကြားထားသူများအား ကြိုတင်မိတ်ဆက်ပေးသွားပါတယ်။

ပွဲလက်မှတ်ခကတော့ ၁ သောင်း၊ ၂ သောင်းခွဲ၊ ၅ သောင်း၊ ၂ သိန်းကျပ်အထိ အစားစားရှိတယ်လို့ သိရပြီး မတ်လ ၃ ရက်၊ ၂၀၁၇ တွင် WLC 1 ကို မင်္ဂလာဒုံဥယျာဉ်မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly