ကလေးတစ်ရာကျော် အပါအဝင် လူ ၁၇၈ ဦးအား ဘိုကိုဟာရမ် တို့လက်တွင်း မှနိုင်ဂျီးရီးယား စစ်တပ်ကယ်တင်

ကလေးတစ်ရာကျော် အပါအဝင် လူ ၁၇၈ ဦးအား ဘိုကိုဟာရမ် တို့လက်တွင်း မှနိုင်ဂျီးရီးယား စစ်တပ်ကယ်တင်

နိုင်ဂျီးရီးယားနိုင်ငံ ဘောနိုပြည်နယ်တွင် ဘိုကိုဟာရမ်အစွန်းရောက်လက်နက်ကိုင်အဖွဲ့ လက်တွင်းမှ လူပေါင်း ၁၇၈ ဦးကို စစ်တပ်က ကယ်တင်နိုင်ခဲ့သည်။

ကယ်တင်ခဲ့သူများတွင် ကလေးငယ် ၁၀၁ ဦးနှင့် အမျိုးသမီး ၆၇ ဦးပါဝင်ကြောင်း သြဂုတ် ၂ ရက်က စစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကယ်တင်လာနိုင်သူများတွင် ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ချီဘော့မြို့ရှိ ကျောင်းတစ်ကျောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသူလေးများ ပါဝင်ခြင်းရှိမရှိကိုမူ ထုတ်ပြန်ချက် တွင်ဖော်ပြ ထားခြင်းမရှိပေ။

ဘိုကိုဟာရမ်တပ်မှူးတစ်ဦးကိုလည်း ဖမ်းဆီးလိုက်နိုင်ပြီး စခန်းတစ်ချို့ကိုလည်း ရှင်းလင်းလိုက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖောြ်ပသည်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း ၂၀၁၄ ခုနှစ်မှစကာ ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့ကြောင့် သေဆုံးသူအရပ်သားပြည်သူပေါင်း ၅၅၀၀ ကျော်ခန့်ရှိပြီဖြစ်သည်။

ချီဘော့မှ ကျောင်းသူ ၂၀၀ ကျော်ကို ပြီးခဲ့သည့်နှစ်အတွင်းက ဘိုကိုဟာရမ်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခုထက်တိုင် ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ အဆိုပါကျောင်းသူ များပြန်လွှတ်ရေးနှင့် အပစ်ရပ်ရေးကို အစိုးရဖက်က တောင်းဆိုသဘောတူခဲ့သော်လည်း ဘိုကိုဟာရမ်အဖွဲ့က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသူများ ပြန်လည်တွေ့ရှိရေးအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံတစ်ချို့က အကူအညီပေးသော်လည်း လက်ရှိအချိန်ထိ ရှာဖွေနိုင်ခြင်းမရှိပေ။

၂၀၁၄ ခုနှစ်မှစကာ ဘိုကိုဟာရမ်အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က အမျိုးသမီးနှင့် မိန်းကလေး ၂၀၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Amnesty International ကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required