ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ၀န်ကြီးချုပ်တို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စများ ဆွေးနွေးကြမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ၀န်ကြီးချုပ်တို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စများ ဆွေးနွေးကြမည်

အော့တဝါ၊ ဇွန် ၃   ။                    ။ ကနေဒါနိုင်ငံကို လာမယ့်သီတင်းပတ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံကာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးသွားကြဖို့ရှိနေတယ်ဆိုပြီး ကနေဒါဝန်ကြီးချုပ်ရုံးက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံနေတဲ့ အနောက်နိုင်ငံတွေထဲမှာ ကနေဒါလည်း အပါအဝင် ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ကနေဒါဝန်ကြီးချုပ် Trudeau က ၎င်းနဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်လစ်ဇင်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စတွေ ဆွေးနွေးကြဖို့ရှိတယ်လို့ ပါရှိပါတယ်။

အလားတူ မိမိတို့ နှစ်ဦးတွေ့ဆုံစဉ် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ ဒီမိုကရေစီအရေး၊ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး ကိစ္စရပ်တွေလည်း   ဆွေးနွေးကြမှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းက နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ကျင်းပခဲ့ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ယခု ဇွန်လ ၅ ရက်ကနေ ၉ ရက်အထိ ပြည်ပအလည်အပတ်ခရီးစဉ်ကို စတင်ထွက်ခွာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly