Miss Myanmar World 2017 Grand Final ပြိုင်ပွဲကို Channel 7 မှ တိုက်ရိုက် ပြသမည်

Miss Myanmar World 2017 Grand Final ပြိုင်ပွဲကို Channel 7 မှ တိုက်ရိုက် ပြသမည်
ဓာတ်ပုံ- Miss Myanmar World 2017

ရန်ကုန် ၊ ဇွန် ၃ ။               ။ Miss Myanmar World 2017 Grand Final ပြိုင်ပွဲကြီးကို ဇွန်လ ၁၀ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက် ပြသသွားမည် ဖြစ်သည်။

Miss Myanmar World 2017 အလှမယ် ပြိုင်ပွဲ အတွက် လာရောက် လျှောက်ထားကြသည့်သူများထဲ က ဆန်ခါတင် အယောက် ၄၀ကို ဦးစွာ ရွေးချယ်ခဲ့ပြီး ထို အယောက် ၄၀ထဲမှ အယောက် ၂၀ ကို ထပ်မံ ရွေးချယ်ခဲ့ကာ အယောက် ၂၀ သည် Miss Myanmar World 2017 Grand Final ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်  ဖြစ်သည်။

Miss Myanmar World 2017 ပြိုင်ပွဲ အတွက် ဆန်ခါတင် အဖြစ် ရွေးချယ်ခြင်း ခံရသည့် အယောက် ၂၀ သည် Miss Myanmar World Organization နှင့်အတူ ယခင်နှစ်များနှင့် မတူညီသည့် Activities များကို တစ်လခွဲ ကြာ ပြုလုပ်လျက် ရှိပြီး ပြိုင်ပွဲအတွက် လိုအပ်သည့်သင်ကြားမှုပိုင်းများကို Show Director Mr. Brian Jeremiah မှ သင်ကြားပေးထားသည်။

Miss Myanmar World အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်မှ စတင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Miss Myanmar World 2017 ပြိုင်ပွဲတွင် ချီးမြှင့်မည့် သရဖူကို ရွှေနန်းတော် စိန်ရွှေရတနာ ဆိုင်မှ ဖန်တီးပေးထားပြီး ကျောက်မျက်ရတနာများ တလက်လက်တောက်ပနေသည့် စိန်တို့ကိုအသုံးပြုပြီး ကြာပန်း ၊ ကနုတ်ပန်း တို့ဖြင့် ပုံဖော်ထားသည်။

သရဖူကို ကျောက်မျက်ရတနာ (၃၀၀၀) ကျော်ဖြင့် တန်ဆာဆင်ထားပြီး (၃၀၀) ကာရက်ကျော်သည့် တောက်ပသည့် ဥသာဖရားကျောက်များ၊ (၂၅)ကာရက်ရှိ ပတ္တမြားတို့၏ အလယ်တွင် ၁၀ ကာရက်ရှိ စိန်ကို တပ်ဆင်ထားသည်။

Miss Myanmar World Organization မှ Miss Myanmar World 2017 အဖြစ် ရွေးချယ်ခြင်း ခံရသူကို ကျပ် သိန်း ၁၀၀ ၊ 1st runner up ကို ကျပ် သိန်း ၃၀ ၊ 2nd runner up ကို ကျပ် သိန်း ၂၀ အသီးသီး ချီးမြှင့်သွားမည် ဖြစ်သည်။

MISS MYANMAR WORLD 2017 ပြိုင်ပွဲဝင်များ၏ ကို Activities များကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း Channel 7 တွင် ထုတ်လွှင့်ပြသပေးလျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly