ချန်ပီယံလိဂ်ဖလားရရန် ရီးယဲလ်ထက် ဂျုဗီက ပိုမိုဆာလောင်နေဟု အဲလ်ဗက်စ်ဆို

ချန်ပီယံလိဂ်ဖလားရရန် ရီးယဲလ်ထက် ဂျုဗီက ပိုမိုဆာလောင်နေဟု အဲလ်ဗက်စ်ဆို

ဇွန် ၃၊ ကာစ်ဖ်။              ။ ချန်ပီယံလိဂ်ဆုဖလားကို တူရင်မြို့သို့ပြန်လည်သယ်ဆောင်နိုင်ရန်အတွက် ဂျုဗီအသင်းသားများအားလုံး စိတ်ဆန္ဒပြင်းထန်မှုမှာ ရီးယဲလ်မက်ဒရစ်အသင်းထက် ပိုမိုသာလွန်သည်ဟု နောက်ခံလူ ဒင်နီ်အဲလ်ဗက်စ်က ပြောသည်။

ဘရာဇီးနောက်ခံလူ အဲလ်ဗက်စ်မှာ ဘာစီလိုနာအသင်းတွင် ကစားခဲ့စဉ်က ရီးယဲလ်မက်ဒရစ်နှင့် အကြိမ်ကြိမ်တွေ့ဆုံးဖူးပြီး ယင်းအတွေ့အကြုံအရ လက်ရှိအချိန်တွင် ဂျုဗင်တပ်အသင်းရီးယဲလ်ကို   ကျော်ဖြတ်ရန် အသင့်ဖြစ်နေပြီဟု ခံစားမိကြောင်းဆိုသည်။

ကျွန်တော်တို့က ဒီကိုရောက်လာဖို့ ကျော်ဖြတ်ခဲ့တဲ့နေရာမှာ အများကြီးကြိုးစားခဲ့ရတယ်။ အောင်ပွဲတွေလည်း အများကြီးကြုံခဲ့တယ်။ ဒီအခြေအနေက ရီးယဲလ်ကို ကျော်ဖြတ်ဖို့ အကောင်းဆုံးအနေအထားရောက်နေပြီလို့ဆိုတာပါ။ ဂျုဗင်တပ်က အောင်ပွဲကို ဆာလောင်နေပြီ။ ဒါက ရီးယဲလ်ကို ကျော်ဖြတ်ဖို့အတွက် အကောင်းဆုံးအနေအထားပဲ။ ဟု အဲလ်ဗက်စ်က ပြောသည်။

အဲလ်ဗက်စ်မှာ ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ချန်ပီယံ သုံးကြိမ်ဖြစ်ဖူးပြီး လာလီဂါချန်ပီယံ ခြောက်ကြိမ်အထိ ရခဲ့ဖူးသည်။ ဂျုဗင်တပ်အသင်းမှာ ရီးယဲလ်မက်ဒရစ်နှင့် ဥရောပပြိုင်ပွဲများတွင် ၁၁ ကြိမ်တွေ့ဆုံဖူးပြီး ၆ပွဲနိုင်၊ ၂ပွဲသရေ ကျထားကာ ၃ပွဲသာ ရှုံးနိမ့်ထားဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly