Panasonic က Beyond SMART TV Line-Up မိတ်ဆက်

Panasonic က Beyond SMART TV Line-Up မိတ်ဆက်

Panasonic က ၎င်း၏ နည်းပညာမျိုးဆက်သစ် Life+ Screen 4K Ultra HD Smart TV၊ 2015 Line-upကို မိတ်ဆက်သည့် အခမ်းအနားကို ဇူလိုင် ၂၄ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။

2015 Line-up တွင် 4K Ultra HD Series ဖြစ်သည့် X940, CX700, CX630, CX400 ငါးမျိုးပါပြီး မော်ဒယ် ၁၀မျိုးပါဝင်သည်။ 

HD Line Upများသည် HDထက် ပုံရိပ်အရည်အသွေး လေးဆပိုမိုကောင်းမွန်သည်ဟုလည်း ဆိုထားသည်။

X940 series သည် Flagship high end Model ဖြစ်ပြီး Superior 4K၏ ပုံရိပ်အရည်အသွေး၊ Beyond Smart TV၏ သီးသန့် လုပ်ဆောင်မှုများ၊ 4K Studio Master Driver များ နှင့် Studio Master Colorများ ပါဝင်သည်။ CX700 series သည် High-end 4K series ဖြစ်ပြီး Superb Picture Perfomance လုပ်ဆောင်ချက်များ နှင့် Newest Beyond Smart Features များ ပါဝင်သည်။ 

CX400 နှင့် CX600 မှာမူ Mid-range Modelဖြစ်ပြီး နည်းပညာသစ် Beyong Smart သုံးထားသည့်အတွက် 4K Ultra HD Picture များကို အလွယ်တကူ ကြည့်နိုင်မည်ဖြစ်သည်။ CX400 series သည် Entry-range Model ဖြစ်ပြီး 4K Ultra Picture quality နှင့် ရရှိသော အလင်းပေါ် မူတည်ပြီး backlight ထိန်းထားနိုင်စွမ်းရှိသည်။ 

သူ၏ အခြားအရည်အသွေးများအနေဖြင့် ရုပ်ပုံများကို အရေအသွေး၊ အရောင်အသွေး ပိုမိုကျယ်ပြန့်ကောင်းမွန်စေသည့် Superior Picture Quality, Enhanced Smart TV features, Powered by Firefox OS, အရောင်အသွေး တောက်ပမှုနှင့် ပုံရိပ်ပြတ်သားမှု၊ သဘာဝကဲ့သို့ ပုံရိပ်အရည်အသွေး စိုပြေစွာ ခံစားနိုင်မည့် Color Rediscovered by Hexa Chroma Drive, အလင်းရောင် အလွယ်တကူဖြတ်သန်းခွင့်ပြုနိုင်ပြီး backlight system ကို ကောင်းစွာသုံးထားသည့် Super Bright Panel Plus တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly