ပရိသတ်ကို SURPRISE လုပ်ရတာ အကြိုက်ဆုံးပဲ (ကျော်ထက်အောင်)

ပရိသတ်ကို SURPRISE လုပ်ရတာ အကြိုက်ဆုံးပဲ (ကျော်ထက်အောင်)
 

Myanmar Idol အစီအစဉ်နဲ့အတူ ပရိသတ်အချစ်တော်ဖြစ်လာခဲ့တဲ့သူ လက်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီးတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ မြင်တွေ့ရတော့မယ့်သူ သူကတော့ Myanmar Idol အစီအစဉ်ကို တင်ဆက်သူ ကျော်ထက်အောင်ပါ။ သူ့ရဲ့တင်ဆက်ပုံတွေထဲက သူအကြိုက်ဆုံးအချက်က ဘာဖြစ်မလဲ။

ကိုကျော်ထက်အောင် မင်္ဂလာပါ။

မင်္ဂလာပါခင်ဗျ။

YOPE အစီအစဉ်မှာ အခုလို မြင်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။

ကျွန်တော်ကလည်း ဝမ်းသာပါတယ်ခင်ဗျ။

မေးခွန်းငါးခု မေးသွားမှာပါ။ ဒါကတော့ နံပါတ် (၁) မေးခွန်းပါ။

ကိုကျော်ထက်အောင်က အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ အကိုသာ အကို့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အဲဒီ အစီအစဉ် တင်ဆက်တဲ့အထဲမှာ အကြိုက်ဆုံးအချက်က ဘယ်ဟာဖြစ်မလဲ။

အကြိုက်ဆုံးအချက်က ကျွန်တော် SURPRISE လုပ်ပစ်တာပေါ့။ ပြောမယ့်စကားကို ပရိသတ်က ထင်ထားတဲ့စကားကို ဒါပေမယ့် မထင်ထားတဲ့စကား ပြောပြောပစ်တာပေါ့။ အဲဒီအချက်ကတော့ ကိုယ့်ကိုယ်ကို အကြိုက်ဆုံးလို့ ထင်ပါတယ်။

ဒါကတော့ နံပါတ် (၂) မေးခွန်းပါပေါ့နော်။ အကို့မိသားစုထဲမှာ အကိုနဲ့ အနီးစပ်ဆုံးရှိပြီးတော့ အကို့ ကို Supporting အများဆုံးလုပ်နိုင်တဲ့သူက ဘယ်သူဖြစ်မလဲ။ ပြီးတော့ ဘယ်လိုအချက်တွေ သူ့ဆီက အကူအညီတွေရလဲပေါ့။

အမေပါ။ အမေနဲ့က ငယ်ငယ်လေးကတည်းက အရမ်းရင်းနှီးတာ။ အဖေနဲ့ အကိုက သူ့စီးပွား သူရှာနေတဲ့အချိန်မှာ အမေကတော့ အကောင်းဆုံး Supporting ပါပဲ။ အကြံဉာဏ်ရော၊ မလုပ်သင့် လုပ်သင့်တာရော၊ ဆိုဆုံးမတာတွေရော၊ ဘာသာရေးကိုင်းရှိုင်းဖို့ လမ်းတည့်ပေးခဲ့တာရောပေါ့။ ငွေကြေးအရတော့ အရမ်းကြီး မပံ့ပိုးနိုင်ခဲ့ပေမယ့် စိတ်ဓာတ်ခွန်အားအရ အများကြီး အကူအညီ အထောက်အပံ့ ဖြစ်ပါတယ်ခင်ဗျာ။

ဒီ နံပါတ် (၃) ကတော့ အကိုအတွက် SURPRISE ဖြစ်မယ်ထင်ပါတယ်။ ကိုကောင်းထက်ဇော်၊ ကိုဇင်အောင်၊ ကိုဆန်းထွဋ်တို့ကို အကို့စိတ်ထဲမှာ တန်းစီပြီးတော့ Presenter တွေကို စီပေးရမယ်ဆိုရင် ဘယ်သူ့ကို အရှေ့ဆုံးကထားမလဲ၊ ဘယ်သူ့ကို အလယ်မှာထားပြီးတော့ ဘယ်သူ့ကို နောက်ဆုံးမှာ ထားချင်သလဲ။

OK အဲဒါဆိုလို့ရှိရင် ကျွန်တော် ကျော်ထက်အောင်အနေနဲ့မပြောဘူး။ အပြင်ကလူတစ်ယောက်အနေနဲ့ပြောမယ်။ အပြင်ကလူတစ်ယောက်အနေနဲ့ဆိုရင် ခုနကပြောတဲ့လူနှစ်ယောက် ကိုကောင်းနဲ့ ကိုဇင်အောင် သူတို့က TV Channel ကလူတွေ ကိုဆန်းထွဋ်ကကျတော့ Radio ကြေညာသူဘဝကနေမှ ကျွန်တော်တို့ ဒီ Public ရဲ့ Post တစ်ယောက်။ အိုကေ ပရိသတ်တစ်ယောက်အနေနဲ့ ပြန်စီမယ်။ သုံးယောက်စလုံးကိုလည်း သိတဲ့လူ။ ဒီ MC လောကထဲကိုလည်း စိတ်ဝင်စားတဲ့လူတစ်ယောက်အနေနဲ့ စီမယ်ဆိုလို့ရှိရင် ကိုဆန်းထွဋ်၊ ကိုကောင်း၊ ကိုဇင်အောင် ဒါပေမယ့် သူတို့က Level တစ်ခုစီမှာ သူ့ရဲ့အစွမ်းနဲ့သူ ရှိပါတယ်။

ဟုတ်ကဲ့ပါ။ ဒါကတော့ နံပါတ် (၄) မေးခွန်းပါပေါ့နော်။ အကိုက Myanmar Idol က အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ Myanmar Idol မှာ အကို ကြုံတွေ့ရတဲ့ အတွေ့ကြုံတွေထဲက အကို့တွက် အဆိုးဆုံးဖြစ်ရပ်တစ်ခုရှိမယ်ဆိုရင် အဲဒါ ဘာဖြစ်မလဲ။ ပြီးတော့ အဲဒီကနေ အကို ဘာတွေကို သင်ယူခဲ့ရလဲ။

အဆိုးဆုံးက ကျွန်တော်ရဲ့ နောက်ကနေ Comment ပေးနေတဲ့ Earpiece လိုင်းအောက်သွားတဲ့အချိန် ဘက်ထရီကုန်သွားတဲ့အချိန်က ကျွန်တော် ဇောချွေးပြန်ရတဲ့အချိန်ပဲ။ အဲဒီမှာ သင်ယူခဲ့ရတာက ဘာလဲဆိုတော့ အစီစဉ်ကို အပိုင်းလေးပိုင်းရရင် ပိုပြီးတော့အဆင်ပြေမယ်။ ပြီးလို့ရှိရင် အဲဒီအချိန်မှာ Script တွေဘာတွေကအစ လုံးဝ အလွတ်နီးပါးရရင်တော့ ပိုကောင်းမယ်။ ဒီဘက်က ကွန်မန်းပေးနေတာပေါ့နော် ဘာလုပ် ဘာလုပ် ဘာလုပ် ဘာပြောရတော့မယ် ဘာပြောရတော့မယ်ဆိုတဲ့ဟာက သူ့ကို အရမ်း အားကိုနေရသလိုဖြစ်နေတယ်။ ဒါပေမယ့် ရုတ်တရက် လုပ်လာချင်တဲ့ဟာကို ကော်မာရှယ် တပ်ချင်တဲ့ဟာမျိုး အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ခုခု ဖြစ်ချင်တာမျိုးကျရင် ဒီ Earpiece ပျက်သွားရင်တော့ ဒုက္ခအများဆုံးအချိန်ပဲ။

ဟုတ်ကဲ့ပါ။ ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းပေါ့နော်။ မြန်မာနိုင်ငံက လက်တလော ဖွံ့ဖြိုးဆဲနိုင်ငံပေါ့နော်။ အပြောင်းအလဲတွေ အများဆုံးကနေ ဖွံ့ဖြိုးနေတယ်။ အကို့အမြင်မှာရော မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ ကဏ္ဍတစ်ခုကို ပြောပြပါဆိုရင် ဘယ်ကဏ္ဍဖြစ်မလဲ။ ပြီးတော့ ဘာတွေလိုအပ်နေတာလဲ ဘာကြောင့် လိုအပ်နေတာလဲ ဆိုတာလေး ပြောပြပေးပါလား။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ အဖက်ဖက်က လိုအပ်နေတာ။ အဖက်ဖက်က လိုအပ်နေတာဆိုတော့ ရှေ့က ရထားတွဲက ဘယ်လိုပဲ ကြိုးစားရုန်းကန်ရုန်းကန် နောက်ကရထားတွဲတွေ ချိတ်မိနေမှဖြစ်မှာပေါ့နော်။ အဲလိုမျိုးပေါ့ ကိုယ်ကိုယ်တိုင် တစ်ဦးတစ်ယောက်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်တောင်မှ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့အရာတွေက Perfect မဖြစ်သေးဘူး။ အဲတော့ တစ်တိုင်းတစ်ပြည်လုံး သန်းနဲ့ချီရှိတဲ့ လူတွေ ပေါင်းပြီး စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့ အရာလေးတစ်ခု Perfect ဖြစ်လာမှသာလျင် နိုင်ငံကောင်းတစ်ခု ဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်မို့ ဒီ သန်းနဲ့ချီရှိတဲ့ လူတွေအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ လူသားတွေပြောင်းလဲဖို့ အချိန်တန်ပြီ စိတ်ဓာတ်ရေးရာ မြင့်မားရမယ်။ စည်းကမ်းရေးရာ မြင့်မားရမယ်။ ပညာရေးမြင့်မားရမယ်။ ဒါမျိုးတွေ ပြောင်းလဲမှသာလျင် တစ်တိုင်းတစ်ပြည်လုံး တိုးတက်အောင်မြင်လာမှာပါ။ အဲတော့ ကိုယ်တိုင်လည်း အများကြီးလိုပါသေးတယ်။ ကိုယ်တိုင်တောင်မှ အမှတ်မထင် အမှိုက်ချမိတဲ့ အကျင့်လေးက ရှိနေတုန်းပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly