ဒူးရင်းပင်စိုက်ပျိုးရေး အပိုင်း (၄)

02 June 2017
ဒူးရင်းပင်စိုက်ပျိုးရေး အပိုင်း (၄)

ဒူးရင်းသီးအသီးစသီးချိန်မှာ ကွမ်းသီးလုံးခန့်ရှိတဲ့အချိန်မှာတော့ အကိုင်းတကိုင်းထဲမှာရှိတဲ့ မလိုအပ်တဲ့ ဒူးရင်းသီးငယ်လေးတွေးကို ခြွေပေးရမှာပဲဖြစ်ပါတယ်။ အကိုင်းတကိုင်းထဲမှာ အသီးများနေမယ် ဆိုရင်တော့ ကိုင်းကျိုးခြင်း၊ ကိုင်းခြောက်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ အသီးများနေခြင်းကလည်း အသီးကြီးထွားမှုနူန်းကို နှေးကွေးစေပါတယ်။ ဒါကြောင့် အကိုင်းတကိုင်း အပင်တပင်မှာ လိုအပ်တဲ့ အသီးအရေတွက်သာ ထားရမှာဖြစ်ပါတယ်။

ဗမာဒူးရင်းကတော့ သဘာဝအတိုင်းဖြစ်တဲ့အတွက် အခုလိုလုပ်ပေးဖို့တော့မလိုအပ်ပါဘူး။ ဒါပေမယ့် ပြုပြင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒူးရင်းပင်တွေမှာကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့ သစ်ပိုးလို့ခေါ်တဲ့ အခေါက်စားပိုးပဲဖြစ်ပါတယ်။ အစာရေစာ (မြေသြဇာများသွားရင်၊ အဓိကကတော့ နွားခြေးများသွားရင် အခေါက်ပုပ် တတ်ပါတယ်။ ဒူးရင်းပင်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း၁၀၀နီးပါး သက်တမ်းရှည်ကြတတ်ပါတယ်ခင်ဗျာ။

အပိုင်း (၂)  ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် -  ttp://www.mizzimaburmese.com/article/27352

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly