အတွေ့အကြံုသစ်အတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲရိုက်​ လက်ခံဖြစ်တာပါဆိုတဲ့ မြင့်မြတ်​

အတွေ့အကြံုသစ်အတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲရိုက်​ လက်ခံဖြစ်တာပါဆိုတဲ့ မြင့်မြတ်​

ရန်ကုန်၊ ဇွန် ၂ ။             ။ ဇာတ်ကားများစွာတွင် သဘာဝကျကျဖြင့် အမြဲတမ်း သရုပ်ဆောင်တတ်သည့် သရုပ်ဆောင် မြင့်မြတ် သည် မင်္ဂလာရှိတဲ့အရပ်ဟု အမည်ပေးထားသည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်မည် ဖြစ်ပြီး ထိုရုပ်သံ ဇာတ်လမ်းတွဲသည် ၎င်း၏ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သြရသမှ ပုံဖော်ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်အနေဖြင့် အတွေ့အကြုံအသစ် တစ်ခု လိုချင်သည့်အတွက် ပထမဆုံး အနေဖြင့် လက်ခံ ရိုက်ကူး ဖြစ်ခြင်း ဖြစ်သည်။  

သရုပ်ဆောင် မြင့်မြတ်သည် “Myanmar Media 7 က ပိုင်ရှင် ကိုဝေမင်းမောင်နဲ့က ညီအစ်ကိုလိုလည်း ခင်နေတယ်ပြီးတော့ ရုပ်သံဇာတ်လမ်းတွဲက ကျွန်တော် တစ်ခါမှ မရိုက်ဖူးဘူးဆိုတော့ အတွေ့အကြုံ လိုချင် တာရယ် ဇာတ်လေးလည်း ကြိုက်တဲ့ အတွက် လက်ခံ ရိုက်ကူးဖြစ်တာပါ။ အတွေ့အကြုံသစ်ဆိုတော့ ရင်လဲခုန်ပါတယ်” ဟု ပြောသည်။

ထိုရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင် မြင့်မြတ် မှ မြို့တွင် မိဘနှင့် အဆင်မပြေသည့် လူငယ်တစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး ၎င်းမှ မြို့ကနေ ကျေးရွာ တစ်ခုသို့ရောက်ရှိသွားချိန်တွင် ပရမ်းပတာတွေ ဖြစ်ပေါ်လာပုံအဖြစ် ဒါရိုက်တာမှ ပုံဖော် ရိုက်ကူးမည် ဖြစ်သည်။

၎င်းအနေဖြင့် ရုပ်သံဇာတ်လမ်းတွဲ အတွက် ကာရိုက်တာ နှင့် လိုက်မည့် အဝတ်အစားအပြင် ဇာတ်ကောင် စရိုက်ပီပြင်အောင် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည့်အတွက် အကောင်းဆုံး သရုပ်ဆောင်ရန် စီစဉ်ထားသည်။

လက်ရှိတွင် သရုပ်ဆောင် မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ဗိုလ်အောင်ဒင် ဗီဒီယိုဇာတ်ကားသည် ပရိသတ်ကြား ခေတ်စားနေသည့် ဇာတ်ကား တစ်ကား ဖြစ်ပြီး ထို ဇာတ်ကားတွင် အသံပုံစံ တမျိုးအဖြစ် ထူးထူးခြားခြား သရုပ်ဆောင်ထားသည်။

သရုပ်ဆောင် မြင့်မြတ်အနေဖြင့် ဇာတ်ကားလက်ခံ ရိုက်ကူးရာတွင် အဓိကဇာတ်လမ်းကို သေချာရွေးချယ်ပြီး ၎င်းစိတ်ကြိုက်ဖြစ်သည့် ဇာတ်ကို အဓိက ထားပြီး ရွေးချယ်ရိုက်ကူးဖြစ်လျက်ရှိသည်။

လက်ရှိမှာတော့ အောင်တိုင်းကျော် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်သည့် ပရမ်းပတာ ဇာတ်ကားတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ ကျော်ကျော်ဗိုလ်တို့နှင့် ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly