၂၀၁၆-၁၇ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်း ပေါင်သန်း ၁၅၀ ကျော်ရရှိ

၂၀၁၆-၁၇ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်း ပေါင်သန်း ၁၅၀ ကျော်ရရှိ

ဇွန် ၂၊ လန်ဒန်။            ။ ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသည် ဆုကြေးပေါင် ၁၅၀ ဒသမ ၈ သန်းရရှိရာ ၂၀၁၅-၁၆ ရာသီက အများဆုံးရရှိသည့် အသင်းထက်ပင် ၅၀ ရာခိုင်နှုန်းပိုရခဲ့သည်။

၂၀၁၆-၁၇ ဘောလုံးရာသီသည် နောက်ဆုံးချုပ်ဆိုခဲ့သည့် ရုပ်သံစာချုပ်ပထမဆုံးအသက်ဝင်သည့်ရာသီဖြစ်ပြီး အသင်း ၂၀ ကို ပေါင် ၂ ဒသမ ၄ ဘီလျံခွဲဝေပေးခဲ့ရာ ယမန်နှစ်ကခွဲပေးသည့် ပေါင် ၁ ဒသမ ၆ သန်းထက် ပိုသည့်အရေအတွက်ဖြစ်သည်။

တန်းဆင်းသွားသည့် ဆန်းဒါးလန်းပင်လျှင် ပေါင် ၉၃ ဒသမ ၄၇၁ သန်းရရှိရာ ယမန်နှစ်ကလက်စတာအသင်းရရှိသည့် ချန်ပီယံ ဆုကြေးခွဲတမ်း ပေါင် ၉၃ ဒသမ ၂၁၉ သန်းထက်ပင် ပိုများနေသေးသည်။

ယင်းပမာဏမှာ ရုပ်သံထုတ်လွှင့်ခ၊ စီးပွားရေးစာချုပ်များ၊ အဆင့်အလိုက်သတ်မှတ်ထားသည့်ဆုကြေးများကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်မှတာဝန်ယူထားသည့်စီးပွားရေးစာချုပ်များမှရငွေများနှင့် ပြည်ပသို့ရုပ်သံလွှင့်ခများကို အသင်းများထံအညီအမျှ ခွဲဝေပေးခြင်းဖြစ်ပြီး ယင်းမှာပြည်တွင်းရုပ်သံထုတ်လွှင့်မှုမှရငွေ၏ ထက်ဝက်နှင့်ညီမျှသည်။

ဆုကြေးစုစုပေါင်း၏ လေးပုံတစ်ပုံမှာ လိဂ်အဆင့်သတ်မှတ်ချက်ပေါ်မူတည်၍ ရရှိခြင်းဖြစ်ပြီး ကျန်လေးပုံတစ်ပုံမှာ အင်္ဂလန်နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်သည့် တစ်ပွဲချင်းစီအပေါ်မူတည်၍ ရရှိခြင်းဖြစ်သည်။

၂၀၁၅-၁၆ ဘောလုံးရာသီက စုစုပေါင်းဆုကြေးအများဆုံးရသည့်အသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး ပေါင် ၁၀၀ ဒသမ ၉ သန်း ရရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags