သမိုင်းကျန်အောင် ဖန်တီးပါဆိုတဲ့ မာရဇ္ဇနှင့် တွေ ့ဆုံခြင်း (၃)

သမိုင်းကျန်အောင် ဖန်တီးပါဆိုတဲ့ မာရဇ္ဇနှင့် တွေ ့ဆုံခြင်း (၃)

မဇ္ဈိမတီဗီကို ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ ။ ကျွန်တော်တို့ အခုတင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ အနုပညာရှင်နဲ့  စကားဝိုင်း အစီစဉ်လေးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့အစီစဉ်လေးမှာ ဒီတပတ်အတွက် ဖိတ်ကြားထားတဲ့သူကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တစိုက်မတ်မတ် နှစ် ၂၀ကျော်ပေါ့နော်။ သီဆိုအောင်မြင်လာတဲ့ အခုအချိန်ထိ အောင်မြင်နေဆဲ   တေးရေးဆရာ အဆိုတော်တယောက်ဖြစ်တဲ့ ကိုမာရဇ္ဖနဲ့ ဆွေးနွေးခန်းလေးပဲ ဖြစ်ပါတယ် ။

မေး။ နောက်ပိုင်းဒီ ဇာတ်ပေါင်းအခွေကနေ အချိန်အခါ အထိက ရော့ခ်ဂီတသက်သက် ဖြစ်သွားပြီဆိုတော့ အရင်ကျွန်တော်တို့သိထားတဲ့ ပုံရိပ်မဲ့ ဂရပ်ဖစ် အခွေထဲက ဝဋ်ကြွေးပဲ သဘောထားပါတယ်။ သီချင်းကို အခု အချိန်အခါ အခွေမှာ ပြန်ဆိုတယ်ပေါ့နော် ။ အဲ့ဒီတုန်းက ဟော်လိုဗားရှင်းနဲ့တီးထားတာဆိုတော့ ကျွန်တော်တို့လည်း လမ်းဘေးမှာ ဂစ်တာနဲ့တီးခဲ့ဖူးတယ်။ အဲဒီအချိန်ကတည်းက စိတ်ထဲမှာ ဘာလိုနေသလဲပေါ့နော် ။ တစ်နေ့က ဒီ အချိန်အခါ အခွေမှာ ပြန်ဆိုထားတဲ့ Metal Version ကို နားထောင်လိုက်ရမှ ဒီသီချင်းက ခုမှပုံစံအမှန်ပါလားပေါ့/ သိချင်တာ သီချင်းတစ်ပုဒ်စရေးတာနဲ့ဘယ်လို Music ကို ဖန်တီးမလဲ ဘယ်လိုဆိုမလဲ ။ အစ်ကို အယူအဆလေး ပြောပြပေးပါဦး။

ဖြေ။ အရမ်းထွက်တယ် အဲ့ဒီအချိန်တုန်းက သီချင်းတွေဆိုတာ စက်ရုပ်လိုပဲ ၊  ဝဋ်ကြွေးပဲ၊ သဘောထားပါတယ်။ သီချင်းကတော့ တည်ရေးတာ မဟုတ်ဘု အဲတုန်းကတည်းက ဒီဘက်ခေတ်ကိုရောက်နေတာ။   ပြောရလို့ရှိရင် အဲဒီကာလက Modern Rock ဆိုတာ မြန်မာပြည်မှာ မပေါ်သေးဘူး။  ရှိလည်းမရှိဘူး ။ ကိုယ်တွေလည်းမသိဘူး ၊ ကိုယ်တွေက Heavy Metal ခေတ်မှာ အဆိုတော်ဖြစ်တာဆိုတော့ကျန်တာကို စိတ်တောင်မဝင်စားဘူး။ တဖြည်းဖြည်းနဲ့ လေ့လာရင်းနဲ့မှ နိုင်ငံခြားမှာတော့ အသုံးနှုန်းက တစ်ခုဖြစ်ချင်ဖြစ်မှာပေါ့လေ ။ မော်ဒန်ရော့ခ်တော့ မသုံးလောက်ဘူး။ တခြားဟာပေါ့ ။ ဒါပေမယ့် ရော့ခ် ခေါင်းစဉ်အောက်မှာပဲ ပေါ့  ။ အဲ့ဒီလို Creed တို့ ဘာတို့ နားထောင်ရင်း Modern Rock ကို အရမ်းကြိုက်လာတယ်။  ဒီဘက်ခေတ် Music ဖန်တီးတ ဲ့အခါကျ တည်ပြီးတော့ကိုရေးရတယ်။ ဟန်ကအရေးကြီးတယ်။  စရေးကတည်းက ဒီသီချင်းဟာ ဘာအမျိုးစားလဲ ။ Modern Rock ဖြစ်လား၊ မဖြစ်ဘူးလား တချို့တွေဆို ရေးလာတာက ရိုးရိုးပုံစံ  ၊ player က Modern Rock လုပ်ချင်တာနဲ့ ဇွတ်အတင်းဖန်တီးလို့ရှိရင် အဲ့ဒီသီချင်းက ပျက်တာ့တာပဲ။ ကပြားကြီးဖြစ်နေတော့တာ ကိုယ်တွေကသိတယ် ။ တချို့သီချင်းတွေဆိုရင် Body က rock body၊ Verse အပိုဒ်တွေမှာ ရိုးရိုးပဲ Chorus လည်းကျရော ပုံစံတွေပြောင်းပစ် ၊ အငွေ့အသက်တွေ ထည့်ပစ်တော့  ကပြားကြီးဖြစ်ရော။ ကိုယ်ဆိုအခု သီချင်းတစ်ပုဒ်ကို စိတ်ခံစားမှုတစ်ခုနဲ့ ရေးချလိုက်တယ် ။ ကိုယ်က Corn  Band ကို အရမ်းကြိုက်တယ် ။ အဲ့ဒီသီချင်းတွေ နားထောင်ပြီးတော့ ဒီပုံစံလေးတော့ မိုက်တယ် ။ ဘယ်လိုခေါ်မလဲ ။ သူ့ရဲ့ အငွေ့လေးပေါ့။ ရအောင်ဖမ်းရတယ် ။ သူ့ Colour လေးက ဘယ်လိုလဲ ။ သူ့အဓိပ္ပါယ်ကဘာလဲ ။ ကိုယ့်ရင်ဘတ်ထဲထည့် တည်ပြီးရေးရတာ ။ အဲ့တော့ သူက အပြင်မထွက်တော့ဘူး ။ Chord တွေကအစ၊ ဟန်ကအစ အပြင်မထွက်တော့ဘူး။  Player တွေလည်း ပြောတာနဲ့သဘောပါက်ပြီ။ ဒါကဘယ်သူ့ပုံစံဆိုတာ ။နောက်ပိုင်းသီချင်းတွေက အဲဒီလို တည်ရေးတာများတယ်။ တချို့ဆို ပြောကြတယ် ။ ဟိုသီချင်းလေး Modern rock ပြန်လုပ်ပါလား အကြံပေးကြတယ်  ၊ဒါပေမယ့် တချို့ သီချင်းပုံစံကကို လုပ်လို့ရတာရှိသလို၊ လုပ်လို့မရတာရှိတယ် ။ သီချင်းတိုင်းကို ဇွတ်အတင်းလုပ်ရင် ပျက်ရောလို့ ရှင်းပြရတယ် ။ ဝဋ်ကြွေးပဲ သဘောထားပါတယ်။ သီချင်းကျတော့ ကိုယ်မသိဘဲ ရေးထားတဲ့ဟာက ပြန်သုံးသပ်တော့ ဒီသီချင်းကပြန် သုံးလို့ရတာပဲ။ ဒါ Modern rock ဖြစ်နေတာသိတော့ ပြန်တီးလိုက်တဲ့အခါ ကြိုက်ကြပါတယ် ။ တချို့ဆို ပိုပြီးပြည့်စုံသွားတယ်လို့လည်း ပြောကြပါတယ်။

မေး။ နောက်ပိုင်းထွက်လာတဲ့သီချင်းတွေဆိုရင် Rock ဆိုလဲ သူ့ပုံစံအစစ်မထွက်တော့သလို Popဆိုလဲ အရင်ခေတ်တွေကလို မဟုတ်တော့ပဲ၊  R&B Style တွေ လိုလို အင်္ဂလိပ်စာတွေညှပ်ပြီး ဆိုတာတွေရော ၊တချို ့ဆို Rap တွေပါ ကြားညှပ်လာတာတွေ အဲဒီတော့ ဒါဟာ ဂီတ အမျိုးအစားတခု သီးသန့်လိုကို ဖြစ်မလာတဲ့ အပေါ်မှာရော အစ်ကို ဘာများပြောချင်ပါလဲ ။

ဖြေ။ ဒါကတော့ခြုံပြောရရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိတဲ့ Copy ပြန်ဆိုတဲ့ ကိစ္စပေါ့ ။ နိုင်ငံခြားမှာ ဘယ်သူမှ Copy မဆိုဘူး၊ Cover Song ပဲဆိုကြတယ်။ ပြန်ဆိုတယ်ဆိုတာကလဲ သူ့ပုံတိုင်းအတိုင်း သူ့စာသားအတိုင်း ပုံစံမပျက်အောင် သူ့ရသအတိုင်းပဲ ဆိုတာ ၊ကိုယ်တို့ Metal Zone Band နဲ့ အိန္ဒိယကို တောင်အာရှရဲ့Rock ဂီတပွဲတော်အတွက် မြန်မာပြည်ကိုယ်စားပြု သွားဖျော်ဖြေဘူးတယ်။ အဲ့ဒီမှာ Cover Band တွေလည်း တွေ့ဖူးတယ် ။ သေသေချာချာ ဖွဲ့စည်းထားတယ် ။ သူတို့သည် Cover Band ပဲဆိုတာ ကျေကျေနပ်နပ်လက်ခံထားတယ် ။ အင်္ဂလိပ်သီချင်းကို အင်္ဂလိပ်လိုပဲ ဆိုတယ်။ ဒီ မြန်မာပြည်တစ်ခုပဲ အင်္ဂလိပ် သီချင်းကို မြန်မာစာသားထည့်ပြီး ဆိုတယ် ။ ပြီးတော့ အနုပညာရှင်လို့ပြောနေကြတဲ့ ပြဿနာရှိတယ်။ ဒါက မြန်မာပြည်ရဲ ့ထူးခြားမှု။ ထားပါ  ။ ဒါက Copy ကိစ္စ ။ ခုနမေးခွန်းပြန်ပြောရရင် Copy သီချင်းကို မြန်မာစာသားထည့်ဆိုပြီးတော့ အောင်မြင်တာ ဒီတစ်နိုင်ငံပဲရှိတယ် ။ ကိုယ်တို့လည်း ပုံရိပ်မဲ့ဂရပ်ဖစ် စီးရီးမထွက်ခင်က မှားခဲ့ဖူးတာတွေရှိတယ်။ အဲဒီထဲ မှာ  Country တွေပါတယ် ။ Pop လည်း ပါတယ် ။ Rock လည်း ပါတယ် ။ ဒါကတော့ ကိုယ်ကြိုက်တဲ့ဟာကိုး။  Rock ပုံစံကများတော့  Rock လို့သတ်မှတ်လို့ရတာကိုး ။ သို့သော်လဲ မှားနေတယ်ဒါက ။  ဘာလို့လဲဆိုတော့ ရှေးက ဆရာ့ ဆရာကြီးတွေ ကတည်းက အခွေတစ်ခွေ ဖန်တီးတော့မယ်ဆိုရင် အစုံထည့်ရမယ်လို့ နောက်မျိုးဆက်အထိ စွဲနေကြတယ် ။ ခုထိလည်း တော်တော်များများကိုကြည့်ရင် ဒီအတိုင်းပဲ ။ အခွေတစ်ခွေထွက်လာပြီဆို ဘာအမျိုးအစားလဲ။ မေးလိုက်ပြီဆိုတာနဲ့ Popပါတယ်။ Modern Rock ပါတယ်  ။ R & B လည်း ပါတယ် ။ Country လည်းပါတယ် ပြောတာပဲ။ ဟ တစ်ကမ္ဘာလုံးက ရှိသမျှအမျိုးအစား အကုန်ပါ ကုန်တာပဲ။ ဒါကြီးက မှားနေပါတယ်ဆိုတာ ခဏ ခဏပြောခဲ့ဖူးတယ်။  မဟုတ်ဘူး Rock အဆိုတော်က Rock ကိုပဲ ဖန်တီးပါတယ် ။ Country အဆိုတော်သည်လည်း ဒီလိုပဲ သူ့အမျိုးအစားတစ်ခုထဲသာဖန်တီးပါတယ်  အဲဒီလိုပဲ သီးသန့်သွားကြတာ ။ ဒီမှာက ဗျောက်သောက် ရောသမမွှေအကုန် ဒါဟာ မှားခဲ့တယ် ဆိုတာ   ကိုယ့်ဟာကိုသိတော့ ရှက်လာတယ်။ ဇာတ်ပေါင်းလောက်မှာ သီချင်းအချိုလေး ဖန်တီးချင်ရင်တောင် Rock ခေါင်းစဉ်အောက်က ထွက်မသွားအောင် ကြိုးစားပြီး ဖန်တီးလာတယ်။ အရှေ့မှာတော့ မှားခဲ့ပါတယ် ။ ကိုယ်တိုင်လည်း ဝန်ခံပါတယ် ။မသိလို့မှားခဲ့တာ Rock အဆိုတော် ဖြစ်ပြီး Pop သီချင်းတွေ ဆင်းဆိုတယ်ဆိုရင် ဒါတော်တော်ရှက်စရာကောင်းတာပဲ ။ အဲ့ဒီတော့ ကလေးတွေကိုပြောချင်တာ ကိုယ့် လမ်းကြောင်းကို သေချာရွေးပြီး လေ့လာပါ။ ဟိုးတဆုံးထိ လိုက်ပြီးလေ့လာစေချင်ပါတယ် ။

မေး။ ဟုတ် အစ်ကို အဲဒီတော့ရော မြန်မာပြည်က ပရိသတ် အနေအထား နောက် ဒီအနုပညာအပေါ်မှာလုပ်တဲ့စီးပွားရေးကရော အဆင်ပြေပါ့မလား ။

ဖြေ။ အဲ့ဒါက ကိုယ့် ကိစ္စမဟုတ်ဘူးလေ ။ အနုပညာသမားက အဲ့ဒါကို စဉ်းစားနေရင် အနုပညာသမား မဟုတ်တော့ဘူးလေ ။ ပြောချင်တာက ဖန်တီးမှုမှာ အဲ့ဒါတွေ မပါစေချင်ဘူး။ ဖန်တီးရှင်က ဖန်တီးပြရမှာ ။ ပရိသတ်ကြိုက်ပါ့မလားးဆိုတဲ့ မေးခွန်းမထုတ်ရဘူး ။ ကဲ ဒါဆို ပေါက်မဲ့သီချင်းတစ်ပုဒ် ထုတ်ပြစမ်းပါ ။ မရှိဘူးလေ ။ တည်ပြီး ပစ်လို့ရသလား ။ မရဘူးလေ။ ဘယ်ဟာ အမှန်တရားလဲ ။ သီချင်းတစ်ပုဒ်ဟာ ပေါက်ချင်ထပေါက်တာပဲ ။ ဘယ်လို မှ မပြောနိုင်ဘူး ။ အဲ့တော့ ကိုယ်ဆို ဘယ်တော့မှလည်း တည်မပစ်ခဲ့ဘူး။ တစ်ခွေစာပြည့်တာနဲ့ကိုယ်ကြိုက်တဲ့ Band လာ  ပေါက်တာ၊ မပေါက်တာ၊  စိတ်မဝင်စားဘူး ။ ထွက်သမျှသာ ပေါက်နေရမယ်ဆိုရင် ဘဝဟာ အနိမ့်အမြင့် အတက်အကျ ဘယ်ရှိပါတော့မလဲ။ ဖန်တီးပါ သမိုင်းတခုကျန်ခဲ့အောင် ဖန်တီးပါ။  

အင်တာဗျူးအပိုင်း(၁)အားကြည့်ရန်-http://www.mizzimaburmese.com/article/27545

အင်တာဗျူးအပိုင်း(၂)အားကြည့်ရန်-http://www.mizzimaburmese.com/article/27585

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly