ငြိမ်းချမ်းရေးအတွက် ဆလုံတွေရဲ့ အဘိုးနတ်ပူဇော်ပွဲ ဥပမာ

ငြိမ်းချမ်းရေးအတွက် ဆလုံတွေရဲ့ အဘိုးနတ်ပူဇော်ပွဲ ဥပမာ
မကြုံဂလက် ဆလုံရွာက နတ်ပူဇော်ပွဲ (ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်))

ဆလုံတွေရဲ့အဘိုးနတ်ပူဇော်ပွဲကို လက်ရှိကျင်းပပြီးတဲ့ ၂၁ ရာစုပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် မီးမောင်းထိုးပြချင်စရာ ပွဲတော်တစ်ခုအဖြစ်ညွှန်းဆိုပြချင်ပါတယ်။

ဒီပွဲတော်ရဲ့ ဆိုလိုရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အခြေအနေဟာ တူညီတဲ့ပုံစံဖြစ်ပါတယ်။

ကွဲပြားမှုတွေရှိလာတဲ့အခါ ပြန်လည်ပေါင်းစည်းဖို့အတွက် ဆွေမျိုးစုတွေကြားမှာပွင့်ပွင့်လင်းလင်း ညှိနှိုင်းအဖြေရှာကြတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ပါ။

လူနည်းစု ဆလုံ(မော်ကင်း)လူမျိုးတွေရဲ့ ကိုယ်ပိုင်ညီညွတ်ရေးနည်းလမ်းဟာ ပွင့်လင်း ရိုးသား တဲ့ အခြေခံစိတ်နဲ့ ဆောင်ရွက်ကြတဲ့ပွဲတစ်ခုဖြစ်တဲ့အတွက် အဘိုးနတ်ပူဇော်ပွဲဆိုတဲ့ လူသိနည်းတဲ့ ငြိမ်းချမ်းရေးပွဲတော်တစ်ခုက ဥပမာတစ်ခုအနေနဲ့တင်စားဖော်ပြစရာကောင်းလာပါတယ်။

ဆလုံနတ်ပူဇော်ပွဲ၌ လှေပြိုင်ပွဲကိုလည်း ထည့်သွင်းပြု လုပ်လေ့ရှိကြသည်။ ဓာတ်ပုံ-မြတ်ထွဋ်(မြိတ်)

ကိုးကွယ်ယုံကြည်မှုအရ ဆလုံတွေဟာ မိသားစုအတွင်း ကျန်းမာရေးချွတ်ယွင်းမှုတစ်ခုခုဖြစ် လာတဲ့အခါ နတ်ပူဇော်ပသမှုတွေကို တစ်နှစ်တစ်ကြိမ် မတ်၊ဧပြီလတွေမှာ ရိုးရာပူဇော်ပွဲတွေ ကျင်းပ လေ့ရှိပြီးတော့ “ညီညွှတ်ရေး”အတွက် အခုလိုမျိုးပွဲတော်အနေနဲ့အချိန်အကန့်အသတ်မရှိပဲ ဆွေမျိုးစု အတွင်း စည်းလုံး ညီညွှတ်မှုပျက်ပြားလာတဲ့အခါမှာကျင်းပကြတယ်လို့ဆိုပါတယ်။

ဒီနေရာမှာ ၂၁ ရာစုပင်လုံဆိုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာဟာလည်း နိုင်ငံတစ်နိုင်ငံရဲ့ လူ မျိုးစုတွေကြားမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရတဲ့ ညှိနှိုင်းအဖြေရှာမရခဲ့တဲ့ အခြေအနေတစ်ခုကို တွေ့ဆုံအဖြေရှာနေကြရတဲ့ ပွဲဖြစ်ပါတယ်။

ဆလုံတွေရဲ့ ညီညွှတ်ရေးပွဲတော်က တစ်ဦးအပေါ်တစ်ဦးသံသယတွေ၊မယုံကြည်မှုတွေ၊ မကျေ နပ်မှုတွေစတဲ့တင်းကျပ်နေတဲ့စိတ်ခံစားမှုတွေကို သူတို့ရဲ့ အဘိုးနတ်ကိုတိုင်တည်ပြီးရင်ဖွင့်ကြတဲ့ပွဲ ညှိ နှိုင်းအဖြေရှာကြတဲ့ပွဲဖြစ်ပါတယ်။

အနိုင်ရလိုတဲ့ဆန္ဒတွေကိုဖျောက်ဖျက်ပြီး ရိုးရိုးသားသားရင်ဖွင့်ကြရင်းအထင်အမြင် လွဲမှားမိ နေတဲ့ပြဿနာတွေဟာ အဘိုးနတ်ပူဇော်ပွဲအပြီးမှာတော့ ရိုးရိုးသားသားရင်ဖွင့်စကားတွေကြောင့် တစ် ဦးနဲ့တစ်ဦး သင်ပုန်းချေငြိမ်းချမ်းရေးရယူနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီအလေ့အထဟာ နှစ်ပေါင်းများစွာ မယုံကြည်မှုတွေ သံသယတွေနဲ့ ကွဲပြားခဲ့ရတဲ့ တိုင်း ရင်း သားတွေညီအစ်ကို တွေအနေနဲ့ ပင်လယ်ပျော်ဂျစ်ပစီလို့ဆိုခဲ့ကြတဲ့ ဆလုံတွေရဲ့ အဘိုးနတ်ပူဇော်ပွဲရဲ့ ရိုးသားမှု၊ ဝန်ခံရဲ တဲ့သတ္တိ၊ စည်းလုံးညီညွတ်လိုတဲ့ဆန္ဒတွေကို နမူနာတစ်ခုအနေနဲ့ အတုယူ စရာတစ်ခုအဖြစ်အသုံးချသင့်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကတော့ ပြီးသွားခဲ့ပါပြီ။ ၂၁ ပင်လုံနဲ့ပတ်သက်ပြီး ထောက်ပြဝေဖန်မှုတွေကိုလည်း အမျိုးစုံကြားခဲ့ ရမြင်ခဲ့ ရပြီးဖြစ်သလို နိုင်ငံရဲ့ခေါင်းဆောင်တွေရဲ့ ကျိုးပမ်းဆောင်ရွက်ခဲ့မှုတွေကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ် ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေခဲ့ကြပေမယ့် ငြိမ်းချမ်းရေးလမ်းမဟာ ရှည်လျားလွန်းနေဆဲပါ။

ဒုတိယအကြိမ်ကျင်းပခဲ့တဲ့ ပင်လုံညီလာခံရဲ့ ဆွေးနွေးမှုရလာဒ်အနေနဲ့ နိုင်ငံရေးခေါင်း စဉ် အောက်မှာ သဘောတူညီမှုအချို့မရရှိခဲ့ကြပဲ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာကိစ္စတွေမှာတော့ အချက် အလက် တော်တော်များများသဘောတူညီမှု တွေရခဲ့ကြတယ်လို့ ဖော်ပြခဲ့တာ တွေ့ရ ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးအတွက်ခြေလှမ်းတွေက တဖြည်းဖြည်းနဲ့ အကောင်းဘက်ကို ရွေ့လာနေ တဲ့သဘောကိုတွေ့မြင်ရပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ညီလာခံအပိတ်မိန့်ခွန်း မှာပြော ခဲ့သ လိုမျိုး အာဃာတတွေ၊နာကျည်းချက်တွေ၊အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေ ထောက်မှာ သံလုံးဆွဲပြီး လမ်းလျောက်တဲ့သူတွေလိုဖြစ်နေတော့မှာပါ။

ဒါအပြင် ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းမတင်ဖို့ နဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသား ပြည် သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုပြောစေချင်တယ်ဆိုတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ရဲ့ ခေါင်းဆောင်ဦးမင်းကိုနိုင်ရဲ့ ဝေဖန်ထောက်ပြမှု ကလည်း သတိထားရမယ့်အရေးကြီးတဲ့ အချက် ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်က ပင်လုံညီလာခံထောက်ခံကြိုဆိုပွဲမှာ တိုင်းပြည်တိုးတက်ချမ်း သာ ဖို့တစ် ခုတည်းသောထွက်ပေါက်ဟာ ငြိမ်းချမ်းရေးပါလို့ NLD ရဲ့ ခေါင်းဆောင် ဦးတင်ဦးပြောကြား ခဲ့တာတွေ့ ရပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးနည်းတူ စီးပွားရေးကလည်း နိုင်ငံသားတွေအတွက် အရေးကြီး တဲ့အ ချက် တစ်ခုအနေနဲ့ ဆောင်ရွက်သင့်တယ်ဆိုတဲ့ နိုင်ငံရေးသုတေသီတွေနဲ့ လွှတ်တော်အမတ်အချို့ ရဲ့ ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။

ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးအပြီးမှာ မြိတ်ကျွန်းစုက ဆလုံ (ခ)မော်ကင်းဆိုတဲ့ ပင်လယ်ပျော်ဂျစ်ပစီတွေရဲ့ အဘိုးနတ်ပူဇော်ပွဲလို ပွင့်လင်းစွာဝန်ခံဖော် ထုတ်ရဲတဲ့ စိတ်အခြေခံသဘောတရားလိုမျိုး ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အသုံးချကောင်း ချနိုင်ခဲ့ကြပါရဲ့ လား ဆိုတဲ့ မေးခွန်းတစ်ခုအနေနဲ့ မေးမြန်းချင်စိတ်ဖြစ်ပေါ်မိလာပါတယ်။

ငြိမ်းချမ်းရေးလမ်းမဟာ ရှည်လျားလွှန်းနေဆဲပါ။ဒါပေမယ့် ငြိမ်းချမ်းရေးလမ်းမဟာ ရှည်လျား သင့်ရဲ့လားဆိုတဲ့ အတွေးနဲ့ အဘိုးနတ်ပူဇော်ပွဲလို နမူနာကောင်းတစ်ခုကို အတုယူစရာသင်္ခန်းစာ တစ် ခုအနေနဲ့တင်ပြလိုက်ရပါတယ်။

(အဘိုးနတ်ပူဇော်ပွဲအကြောင်းရေးသားခွင့်ပေးခဲ့တဲ့ လန်ပိကျွန်းအနီး မကြံဂလက်ရွာက ဦးခင်မောင်ထွေးအား အထူးကျေးဇူးတင်မိပါတယ်ခဗျား)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly