ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဆရာတော်ဦးဝီရသူ နှုတ်ထွက်မည်

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဆရာတော်ဦးဝီရသူ နှုတ်ထွက်မည်

ရန်ကုန်၊ ဇွန် ၁ ။             ။ မဘသမှအမည်ပြောင်းလဲလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဆရာတော်ဦးဝီရသူ နှုတ်ထွက်တော့မည်ဟု ဆရာတော်၏ အနီးနေတပည့်တစ်ဦးက မဇ္ဈိမကို ယနေ့ အတည်ပြု ပြောကြားသည်။

ထိုသို့နှုတ်ထွက်ခြင်းမှာ မဘသအဖွဲ့ကိုအမည်ပြောင်းလဲခြင်းကြောင့်မဟုတ်ကြောင်း၊ အမည်ပြောင်းလဲလိုက်သည့်ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှင့် သဘောထားမတိုက်ဆိုင်၍မဟုတ်ကြောင်း ဆရာတော်က မိန့်ကြားသည်ဟု ၎င်းကပြောသည်။

မိမိကိုဦးတည်တိုက်ခိုက်မှုများက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ထိခိုက်မည်စိုးခြင်းကြောင့် နှုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်ဟုလည်းဆိုသည်။

အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများကို အရှိန်မြှင့်တင်သည့်အခါ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ငဲ့ကွက်နေရသည့်အတွက် နှုတ်ထွက်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုလည်း အနီးနေ တပည့်ကပြောသည်။

အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဆိုင်းဘုတ်များကို ဇွန်လ ၁၅ရက် နောက်ဆုံးထားဖြုတ်သိမ်းရန်ု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က   မေလ၂၃ရက်တွင်   ကြောညာခဲ့ပြီးနောက် မဘသ၏ အထူးရှင်းလင်းပွဲကို မေလ၂၇နှင့်၂၈ ရက်တွင် ကျင်းပခဲ့သည်။ အထူးရှင်းလင်းပွဲ ပထမ နေ့တွင် မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲကြောင်းကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly