ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ကိုပြင်ဆင်မယ့်အပေါ် ဘယ်လို မြင်ကြသလဲ

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ကိုပြင်ဆင်မယ့်အပေါ် ဘယ်လို မြင်ကြသလဲ

ဇူလိုင် ၂၂ ရက်က  အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီသို့  ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက  တင်ပြခဲ့သည်။ ယင်းသို့ ဝန်ကြီးဌာနက တင်ပြခဲ့သည့် အပေါ်  ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံ သူကို အရေးယူရန် ဥပဒေကြမ်းကော်မတီက အစီရင်ခံလိုက်သည်။

ယင်းအပြင် ဥပဒေကြမ်းကော်မတီက “ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ” အစား “ပြည့်တန်ဆာ ထိန်းသိမ်းရေးဥပဒေ” ဟု အမည်ပြောင်းလဲရန်လည်း ဥပဒေကြမ် ကော်မတီက သဘောထား မှတ်ချက်ပေးခဲ့သည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ၁၉၄၉ခုနှစ်၊ ဧပြီ(၂၁)တွင်စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်းစဉ် ပုဒ်မ (၁၈)ခု ပါဝင်သည့် ယင်းဥပဒေသည် လက်ရှိ ခေတ်အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟု လည်း ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် လွှတ်တာ်သို့ တင်ပြခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။  

အဆိုပါ ဥပဒေပြင်ဆင်ရန် တင်ပြခြင်းနှင့်ပတ်သက်ပြီး လူအခွင့်အရေး၊ အမျိုသမီးအရေး တက်ကြွလှုပ်ရှား သူများ၊ လွှွှတ်တော်အမတ်များနှင့် ဥပဒေပညာရှင်များ၏ သဘောထားအမြင်များကို  မဇ္ဈိမက မေးမြန်းထားပြီး ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
 ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ -Equality Myanmar)

ပထမဆုံးပြောချင်တာက ပြည့်တန်ဆာဆိုတာကို နှိပ်ကွပ်လို့ရမလားဆိုတဲ့မေးခွန်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒါက သမိုင်းစဉ်တစ်လျှောက်ရှိလာခဲ့တာပါ။ ဒီကိစ္စက ရောင်းသူဝယ်သူ သဘောတူရင် စီးပွားရေး တစ်ခုလိုပဲ လုပ်နေ ကြတာဖြစ်နေပါပြီ။ ဥပဒေတစ်ရပ်က လက်ရှိဖြစ် နေတာတွေကို ထိရောက် နိုင်မှာ မဟုတ်ဘူး ။ ဥပဒေ တစ်ရပ်က လက်တွေ့မှ ာလုပ်ကိုင်နေ တဲ့သူတွေကိ ုထိရောက် ကာကွယ်ပေးတာမဟုတ်ဘဲ ပြစ်ဒဏ်တွေပဲ ကြီးမား လာတာက မဖြစ်နိုင်တဲ့ ကိစ္စကို တာဆီး နှိပ်ကွပ်တာပါပဲ။ ဒီလို လုပ်မယ့်အစား ပြည့်တန်ဆာ  မဖြစ် သေး တဲ့သူတွေကို ဘယ်လို တားဆီးပေးမလဲ ၊ဖြစ်နေသူတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့  ဥပဒေ မျိုးက ပိုမိုပြီးတော့ အဆင်ပြေမယ်လို့ ကျွန်တော်ယူဆပါတယ်။ အရင်ကတည်းက ဖိနှိပ်ရေးနှိပ် ကွပ်ရေးဆိုတာ ကို သဘောမတူပါဘူး၊ အဲဒီ ဥပေဒကလည်း တကယ်တမ်းပြဿနာတစ်ရပ်လုံးကို ဖြေရှင်း နိုင်တာမဟုတ်ဘဲနဲ့ ပြည့်တန်ဆာ လောကထဲက အမျိုးသမီးတွေကို ပိုမိုပြီး ဒုက္ခရောက်စေတဲ့ အတွက်ပါ။

နောက်တစ်ခုကတော့ လုပ်ကိုင်နေသူတွေ၊ စေခိုင်းသူတွေ၊တွေကိ ုအပြစ်ပေးပေမယ့် လာရောက် ပျော်ပါးသူကို အပြစ်ပေးတာမရှိဘူး။ တစ်ဖက်မှာ ရောင်းသူကို နှိပ်ကွပ်ပေမယ့်ဝယ်သူကရှိနေတော့ တစ်ဖက်မှာ ဝယ်သူက ဒီလို အမျိုး သမီးတွေရှိအောင် လုပ်နေဦးမှာပဲ ။ လာရောက်ပျော်ပါးသူကို ဖမ်းမိရင် တောင် အပြစ်ပေးတာ မျိုးမရှိတော့ အမျိုးသားတွေက ပိုမို လက်ရဲဇက်ရဲ ရှိနေဦးမှာပဲ။ ကာကွယ်ပေးမယ့်ဥပဒေ ရှိလာရင်တောင် ရောင်းသူ နဲ့ ဝယ်သူကြားမှာ မညီမျှသော သတ်မှတ်ချက်က ရှိနေတဲ့ အတွက် အခု ဥပဒေကလည်း တစ် ဖက်စောင်းနင်း ရှိနေဆဲပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီဥပဒေက ပြည့်တန်ဆာ ကိစ္စကို ထိန်းချုုပ်သလိုလို ရှိပေမယ့် လက်တွေ့မှာတော့ မလုပ်နိုင်ပါဘူး။ ဒီတော့ တကယ်ပဲ ပြည့်တန်ဆာ ကိစ္စထိန်းချုပ်ချင်ရင် ဒီဥပဒေကို ပြဌာန်းမယ့်အစား ပိုမို လက်တွေ့ ကျသောေ ဖြရှင်းနိုင်မယ့်နည်းလမ်းတွေ လုပ်ဆောင်ပေးဖို့ပဲ ကျွန်တော် အားပေးချင်ပါတယ်။  

ဒေါ်မေစံပယ်ဖြူ (ဒါရိုက်တာ၊ကျားမ တန်းတူညီမျှရေးကွန်ရက်)

အခုအသစ်ပြင်ဆင်ဖို့လုပ်နေတဲ့ ဥပဒေက ပြစ်ဒဏ်အနေနဲ့ တိုးလိုက်တာက လွဲလို့ ပြည့်တန်ဆာ အမျိုး သမီးလေးတွေ ကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အရာဘာမှ မပါဘူးလို့ သုံးသပ်မိ ပါတယ်။ ဒီဥပဒေနာမည်ကလည်း ပြောင်းသင့်ပါပြီ။ ဥပဒေအမည်ကို က ပြည့်တန်ဆာ နှိပ်ကွပ်ရေးဆိုတော့ သူတို့တွေ အတွက် နစ်နာဖို့ချည်းပဲဖြစ်နေတယ်။ တကယ်တော့ ပြည့်တန်ဆာ ဆိုတာ အစိုးရ အဆက်ဆက်ဘယ်တုန်းကမှ  လုံးဝအရှင်းပပျောက်အောင်လုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ပြည့်တန်ဆာ ကိုနှိပ်ကွပ်တာထက် ပြည့်တန်ဆာ လုပ်ငန်းကို သာအပြစ်ပေးအရေးယူသင့်တယ်။

တကယ်တမ်းမှာ ပြောရရင် ကေတီဗွီ၊ မာဆက်မှာ လုပ်နေရတဲ့ ပြည့်တန်ဆာအမျိုးသမီးလေေးတွဟာ လုပ်အားခ မစို့မပို့ပဲရပြီး၊ သူတို့ကို အခြေပြုနေတဲ့ သူတွေသာ ခေါင်းပုံဖြတ် အမြတ်ထုတ်သွားတာ ပါ။ ဒီလိုစီးပွားရှာသူတွေနဲ့ လာတဲ့ဖောက်သည်တွေကျတော့ အရေးယူဖို့ ဥပဒေ မရှိဘူ၊အမျိုးသမီးတွေသာ အရေးယူခဲ့ရတယ်၊ ဒါတွေက တကယ်ပပျောက်ဖို့က ပြည့်တန်ဆာ လုပ်သူကိုသာ အရေးယူ တာမျိုးမဟုတ်ဘဲ ပြည့်တန်ဆာလုပ်ငန်းကိုစီးပွားဖြစ်လုပ် ဆောင်နေသောလူများကို ဥပဒေ တွေသတ်မှတ် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ အရင်တုန်းကဆို ဖမ်းဆီးနိုင်ဖို့ အသွင်ယူ တယ်ဆိုတာ ရှိတယ်။ ဒီလိုမျိုးအသွင်ယူတာက ပြည့်တန်ဆာ အမျိုသမီးလေးတွေကို သာနစ်နာစေတာပါ။ ဒီလိုလုပ်တာက ပြည့်တန်ဆာအမျိုးသမီးတွေဟာ လိင်ဆက်ဆံခြင်းလည်း ခံရတယ်။ငွေလည်း မရတဲ့အပြင် ထောင်လည်းကျရသေးတယ်၊ကျွန်မတို့နိုင်ငံမှ မဟုတ်ဘူး နိုင်ငံတိုင်းလိုလို ပြည့်တန်ဆာ ဆိုတာရှိတယ်။ တကယ်တမ်းမှာ ပြည့်တန်ဆာဆိုတာနှိပ်ကွပ်ရမှာထက် သူတို့တွေ ရသင့်တဲ့ ကျန်းမာ ရေး စောင့်ရှောက်မှု၊ အသိပညာတွေကို ကောင်းကောင်းမွန်မွန် ဥပဒေနဲ့ ပံံ့ပိုးပေးရမှာ။ ခေါင်းပုံဖြတ် မခံရအောင်။ အနိုင်ကျင့်မခံရအောင်ပေါ့၊ ပြည့်တန်ဆာဆိုတာ သူတို့လည်းလူသားပဲလေ။ သူတို့လည်း လူပဲလေ ဥပဒေ အကာကွယ်ကို သူတို့လည်းရသင့်တယ်။

မခင်လေး (founder- Triangle Women Support group)

ဥပဒေ နာမည်ကို နှိပ်ကွပ်ရေးကနေ ထိန်းသိမ်းရေးလို့အမည်ပြောင်းလိုက်တာကတော့ အမည်အားဖြင့် လှသွားတာပေါ့။  ပြည့်တန်ဆာအမျိုးသမီးတွေကိုပဲ အရေးယူတာမဟုတ်ဘဲ ပျော်ပါးသူကိုပါ အရေးယူတာ ကောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့စိုးရိမ်တာတော့ရှိတယ်၊  ပြည့်တန်ဆာတွေကို ဒဏ်ငွေတွေတိုးမြှင့်လိုက်တယ်။ တစ်ချို့ဆို ထောင်ဂဏန်းလောက်နဲ့ လုပ်နေရတာတွေရှိတယ်။ သူတို့ အတွက်က မဖြစ်နိုင်တဲ့ ပြစ်၏ဒဏ်တွေ ဖြစ် နေတယ်။ ရဲစတဲ့အုပ်ချုပ်ရေးပိုင်းကလူတွေ အကျင့်ပျက်ခြစားဖို့ တရားဝင် ဥပဒေ ပြဌာန်းပေး သလိုဖြစ်မှာစိုးရတယ်။ ဒီပြဿနာတွေရဲ့ အဓိကအရင်းမြစ်ကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဆင်းရဲတော့ ပညာမသင်နိုင်ဘူး။ လစာကောင်းအလုပ်ရဖို့ ခက်ခဲတယ်။

အလုပ်လက်မဲ့ဖြစ်ဖို့လွယ်တယ်၊ စားဝတ်နေရေး ပြဿနာရှိလာတော့ ပြည့်တန်ဆာလမ်းကြောင်းထဲရောက်သွားရတယ်။ ဒါမျိုးတွေကြောင့် အဓိက ပြဿနာဖြစ်တဲ့ ဆင်းရဲမွဲတေမှုကို အရင်ဖြေရှင်းရမယ်။ ဆင်းရဲ မွဲတေမှုပြဿနာကလည်း ဖြေရှင်းရတာ နက်ရှိုင်းတယ် ။ အချိန်ယူရမယ်။ ပြဿနာက ကြီးတယ်။ ဒီလိုအချိန်ယူဖြေရှင်းနေရင်းမှာ ပြည့်တန်ဆာ အမျိုး သမီးတွေကိ ုကျန်းမာရေး အသိပညာပေးတာ။ စောင့်ရှာက် မှုပေးတာတွေပါ အရေးတကြီး လုပ်ဆောင်သွားရမယ် ။ ပြည့်တန်ဆာဆိုတာ လုံးဝပပျောက်သွားဖ ို့တော့ မဖြစ်နိုင်ပါဘူး။

ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှွှတ်တော်ကိုယ်စားလှယ်)

ပြည့်တန်ဆာနဲ့ပျော်ပါးသူကိုပါ အပြစ်ပေးရ မယ်ဆိုတဲ့ အချက်တစ်ချက်ကိုတော့ ထောက်ခံတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရဆိုရင် ပြစ်မှုတစ်ခုကို ကျူးလွန်သူ၊ အားပေးသူ အားလုံးပြစ်ဒဏ် ကျခံရမှာဖြစ် တယ် ။ အခု ပြည့်တန်ဆာ ကိစ္စမှာကျတော့  ပြည့်တန်ဆာ အမျိုးသမီးကိုပဲ အရေးယူနေတာ။ ဒါကိ ုပြစ်မှုလို့သတ်မှတ်ရင် ဘယ်သူကိုမှ အလွတ်မပေးသင့်ဘူး။ တစ်ချို့က အသွင်ယူသက်သေအနေနဲ့ လွှတ်နေတာတွေရှိတယ်။ အမျိုးသမီးတွေ ကျတော့ အရေးယူခံရတယ်။ ဒါကို တရားမျှတမှုမျက်လုံးနဲ့ပဲကြည့်ကြည့် လူ့ဂုဏ်သိက္ခာ အရပဲကြည့်ြ့ကည့် ၊ တရားဥပဒေစိုးမိုးရေးဘက်ကပဲပြောပြော  ဘယ်လိုမှ မမျှတပါဘူး၊ဒါကြောင့်  ပျော်ပါးသူကိုပါ အရေးယူသင့်တယ်။ ဒိထဲမှာ အသွင်ယူသက်သေဆိုပြီးလည်း ကင်းလွတ်ခွင့် လွတ်မပေးသင့်ဘူး၊

ဦးရောဘတ်စန်းအောင်( တရားလွှွှတ်တော်ရှေ့နေ)

အဲဒီလို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေတွေကို ဘယ်လိုတိုးချဲ့ တိုးချဲ့ တိုင်းပြည်ရဲ့ စီးပွာရေး ကျဆင်းမှုတွေ၊ လုပ်ခလစာမလုံလောက်မှုတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေမရှင်းနိုင်ရင်  အမျိုးသမီးတွေ အလွှန် ထိခိုက် နစ်နာမှု တွေရှိဦးမှာပဲ။ ကျွန်တော်တို့နိုင်ငံမှာ လူမှုရေးကူညီမှုဖြစ်တဲ့ အလုပ်လက်မဲ့ ထောက်ပံံ့မှု မရှိတော့ မိမိတစ်ဝမ်းတစ်ခါး၊မိသားစူ စားဝတ်နေရေး၊အတွက် ပြည့်တန်ဆာလုပ်ငန်း ထဲမျောပါ သွားတဲံ အမျိုူသမီးတွေ ရှိနေဦးမှာပဲ ၊ဒါကို ကကွယ်ပေးမှု မလုပ်ပဲနဲ့ ဥပဒေတွေတိုးချဲ့ နေတာပြစ်ဒဏ်တွေ တိုးချဲ့ဖို့ လုပ်နေတာက တော့ မဖြစ်သင့်ဘူး၊ တကယ်ဆို ဒီလုပ်ငန်းထဲ ရောက်နေသူတွေ တရားဝင်သောလုပ်ဆောင်ချက် ဖြစ်အောင် လုပ်နိုင်ဖို့စီစဉ်ပေးဖို့ လိုတယ်။ အရွယ်ရောက်သူတိုင်း အလုပ်လုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုတယ်။ လုပ်ခလစာ တစ်နေ့တာ ဖူလုံဖို့ လိုတယ် ။ ဒါတွေနိမ့်တာ မပြင်ဘဲ ဆင်းရဲမွဲတေမှု မလျှော့ချဘဲ ဥပဒေတင်းကြပ်လည်း မလိုက်နာနိုင် တာပဲရှိမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required