မိုရာမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူငါးဦးသေဆုံးပြီဖြစ်

မိုရာမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူငါးဦးသေဆုံးပြီဖြစ်

ဒါကာ၊ မေ ၃၀ ။            ။ ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် မေ ၃၀ ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ရာ လူ ငါးဦးသေဆုံးပြီး မြန်မာနိုင်ငံဖက်က ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်ထောင်ပေါင်းများစွာ နေထိုင်ရာ ဒုက္ခသည်စခန်းလည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့သည်။

မေ ၃၀ အစောပိုင်းတွင် ကမ်းခြေခရိုင် ကော့ဘဇားသို့ မုန်တိုင်းမဝင်ရောက်မီ ဘေးသင့်နိုင်သောနေရာများမှ ပြည်သူခြောက်သိန်းကျော်ထက်မနည်းကို ရွှေ့ပြောင်းနေရာချထားပေးကြောင်း အာဏာပိုင်များက ပြောသည်။

သေဆုံးသူငါးဦးတွင် လေးဦးက သစ်ပင်ပြိုလဲရာမှ သေဆုံးခြင်းဖြစ်သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်များက အေအက်ဖ်ပီသို့ ပြောသည်။ ငါးဦးမြောက်လူ သေဆုံးရသည့်အကြောင်းအား သေချာ မသိရသေးပေ။

ဆိုးရွားသည့် ပျက်စီးမှုများအနက် တစ်ခုမှာ ကော့ဘဇားရှိ အဖြစ်တဲများဖြင့် နေထိုင်ရသော ဒုက္ခသည် သုံးသိန်းကျော်ထက်မနည်းရှိနေရာ ဒုက္ခသည်စခန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required