စီမံဘဏ္ဍာဝန်ကြီးနှင့် မကွေးတိုင်းအစိုးရအဖွဲ့တို့ တွေ့ဆုံ

စီမံဘဏ္ဍာဝန်ကြီးနှင့် မကွေးတိုင်းအစိုးရအဖွဲ့တို့ တွေ့ဆုံ

မကွေး၊ မေလ ၃၀ ။        ။ မကွေးမြို့၊ မြို့တော်ခန်းမတွင် မေလ ၃၀ ရက်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့   နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ ဆုံပွဲပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ကဏ္ဍအသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများ၊ ကျွမ်းကျင်မှုများ၊လိုအပ်ချက်များစသည့် ကိစ္စရပ်များကို ရင်းရင်းနီးနီး ဆွေးနွေးအဖြေရှာပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်စေချင်ကြောင်း ပြောကြားသည်။

ယင်းအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီဌာနပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကား ပြောကြား ခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့သည်။

အသေးစားအလက်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဌာန၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊  အကြံပေးအဖွဲ့မှ အကြံပြုဆွေးနွေးခြင်း၊ တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းခဲ့သည်။

“ဒီနေ့ပွဲကတော့ ကျွန်တော် တိုင်းတွေ အတော်များများ ရောက်ခဲ့ပါတယ် ။ ကျွန်တော်ထင်တယ် မကွေးတိုင်းကတော့ ပြင်ဆင်မှု အရှိဆုံးလို့ ပြောရမယ် ညီညွတ်မှုလည်း ရှိပါတယ် ။ တကယ်ကို ရင်းရင်းနှီးနှီးနဲ့ စီးပွားရေး လုပ်ငန်းတွေကို အောင်မြင်လာအောင်၊  ပွင့်လင်းမြင်သာလာအောင် ပံ့ပိုးချင်တဲ့ သဘောတွေ တွေ့ရပါတယ်” ဟု IMDI စီးပွားရေးအကြံပေး ဦးချစ်ထွန်းဖေက မဇ္ဈိမသို့   ပြောသည်။

နေ့လည်ပိုင်းတွင် အစုအဖွဲ့လိုက်စာတမ်းတင်ပြရာ၌ (ဆန်၊ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ၊ခရီးသွား/မွေးမြူ ရေး)လုပ်ငန်းများမှတင်ပြခြင်း (လက်ယက်ရေနံတွင်းနှင့် သစ်တောထွက်/အထည်လိပ်/စက်မှုဇုန်/အခြား) လုပ်ငန်းများမှတင်ပြခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required