CNN နှင့်အင်တာဗျူးတွင် သူ၏အောင်မြင်မှုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည့် ဂေါင်ယူး

CNN နှင့်အင်တာဗျူးတွင် သူ၏အောင်မြင်မှုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည့် ဂေါင်ယူး

တောင်ကိုရီးယားမင်းသား ဂေါင်ယူးသည် CNN သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးထဲတွင် အောင်မြင် ကျော်ကြားသော မင်းသားတစ်ဦးအနေဖြင့် ကြုံတွေ့ရသော အနိမ့်အမြင့်၊ အတက်အကျ အတွေ့အကြုံများကို  ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

အောင်မြင်ကျော်ကြားမှု၏ မကောင်းသောအချက်နှင့် ပက်သက်၍ သူက “မင်းသားတွေဟာ လူထုကြားထဲမှာ အလွန်ကို ထင်သာမြင်သာရှိပါတယ်။ လူတွေက မင်းသားတွေကို သူတို့နေပုံထိုင်ပုံကို မူတည်ပြီး အကဲဖြတ်ကြ ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ ကိုယ်ပိုင် နေထိုင်လှုပ်ရှားမှုပုံစံကို လှစ်ဟမပြမိအောင် နေထိုင်ပါတယ်” ဟု ပြော ခဲ့သည်။

“တစ်ခါတစ်လေကျရင် မင်းသားဘဝနဲ့ ကျနော်နဲ့ လုံးဝမသင့်တော်ဘူးလို့တောင် တွေးမိပါတယ်။ ကင်မရာရှေ့ မှာဆို ကျနော်နေတတ်ပေမယ့် လူကြားထဲရောက်ရင်တော့ အရမ်းရှက်တတ်ပါတယ်” ဟု သူက ရှင်းပြခဲ့သည်။

“ လူတွေက ပြောကြပါတယ်။ မင်း တစ်ခုကိုလိုချင်ရင် တစ်ခုကို လက်လွှတ်လိုက်ရမယ်လို့ပေါ့။ ကျနော့်ရဲ့ ကိုယ်ပိုင်နေထိုင်မှု ဘဝပုံစံနဲ့ မင်းသားဘဝကို သက်သက်စီ ခွဲခြားထားချင်ပါတယ်။ ဒါပေမယ့် လူတွေကတော့ ဒါကိုလက်ခံဖို့ ခက်ခဲနေပါလိမ့်မယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

“ သြစတြေးလျကို ရောက်တုန်းက စားသောက်ဆိုင်တစ်ခုထဲကို ကျနော်ဝင်သွားခဲ့ပါတယ်။ အဲ့အချိန်မှာ အာရှ ပရိသတ်တွေက ကျနော့်နားကို ဝိုင်းလာပြီး ကျနော့်အကျီၤကို ဆွဲထားကြပါတယ်။ သူတို့ကျနော့်ကို တွေ့လိုက်ရ လို့ ဝမ်းသာသွားတာကို ကျနော်သိပါတယ်။ ဒါကြောင့် ဒီလိုမျိုးကိစ္စတွေအပေါ် ခံနိုင်ရည်ရှိသင့်တယ်လို့ ကျနော် တွေးခဲ့ပါတယ်” ဟု သူ၏ ခံစားချက်ကို ထုတ်ဖော်   ပြောကြားခဲ့သည်။

ထို့နောက်တွင် သူက မင်းသားအလုပ်ကို လုပ်ကိုင်ခြင်းသည် ငွေကြေးနှင့် အောင်မြင်မှုကြောင့်မဟုတ်ဘဲ သူ၏ ပရိသတ်များအတွက်ကြောင့်သာ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဒါ့အပြင် သူပေးချင်သော မက်ဆေ့ချ်ကို ဖော်ပြနိုင်သည့် ဇာတ်ကားများကို ရိုက်ကူးနိုင်ရန်အတွက် သူနှစ်သက် သော မင်းသားများ၊ ဒါရိုက်တာများနှင့်အတူ တွဲဖက်အလုပ်လုပ်သွားမည်ဟု သူ၏ အနာဂတ် ရည်မှန်းချက်နှင့် ပက်သက်၍ ဖြေကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly