G-Dragon ၏တစ်ကိုယ်တော်အခွေအပြီးတွင် Taeyang ၏ တစ်ကိုယ်တော်အခွေထွက်ရှိမည်

G-Dragon ၏တစ်ကိုယ်တော်အခွေအပြီးတွင် Taeyang ၏ တစ်ကိုယ်တော်အခွေထွက်ရှိမည်

YG Entertainment အေဂျင်စီသည် BIG BANG အဖွဲ့ခေါင်းဆောင် G Dragon ၏ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မည်ဖြစ်ကြောင်း မကြာသေးခင်က အတည်ပြုခဲ့အပြီးတွင် အေဂျင်စီ၏ ကိုယ်စားလှယ်ဖြစ်သူ ယန်ဟွမ်ဆက်ခ်က Taeyang ၏ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိလာတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မေလ ၃၀ရက်နေ့တွင် ယန်ဟွမ်ဆက်ခ်သည် G-Dragon နှင့် Taeyang တို့၏ ဓာတ်ပုံကို သူ၏အင်စတာဂရမ်၌ တင်ခဲ့ပြီး ဂျွန်လအစောပိုင်းတွင် G-Dragon ၏ တစ်ကိုယ်တော်အခွေ သေချာပေါက် ထွက်ရှိမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ G- Dragon ၏ အခွေပြီးနောက်တွင် Taeyang ၏ တစ်ကိုယ်တော်အခွေ ထွက်ရှိမည်ဟု လည်း ထပ်မံကြေညာခဲ့သည်။

လောလောဆယ်တွင် G-Dragon သည် သူ၏သီချင်းဗီဒီယိုများကို ရိုက်ကူးလျက်ရှိနေပြီး ရိုက်ကွင်းမှ သူ၏ ဓာတ်ပုံများကို မကြာသေးခင်ကမှ အွန်လိုင်းပေါ်သို့ တင်ခဲ့သည်။

ယန်ဟွမ်ဆက်ခ်သည် G-Dragon ၏ တစ်ကိုယ်တော်အခွေ သတင်းဖြင့် ပရိသတ်များကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး ထို့နောက်တွင် Taeyang ၏ သတင်းဖြင့် ပရိသတ်များကို ထပ်မံဖမ်းစားနိုင်ခဲ့သည်။

G-Dragon သည် “Act III: Motte” ဟု အမည်ပေးထားသော သူ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဂျွန်လ ၁၀ရက် နေ့တွင် ဆိုးလ်မြို့မှ စတင်၍ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly