ကနေဒါတွင် အကျႌမပါဘဲ စက်ဘီးစီးသည့် ညီအစ်မသုံးဦးကို ရဲက တားမြစ်ရာမှ အမျိုးသမီးရာပေါင်းများစွာ ကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် ဆန္ဒထွက်ပြ

ကနေဒါတွင် အကျႌမပါဘဲ စက်ဘီးစီးသည့် ညီအစ်မသုံးဦးကို ရဲက တားမြစ်ရာမှ အမျိုးသမီးရာပေါင်းများစွာ ကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် ဆန္ဒထွက်ပြ

ကနေဒါနိုင်ငံတွင် ညီအစ်မသုံးဦး အင်္ကျီမပါ အပေါ်ပိုင်းဗလာဖြင့် စက်ဘီးစီးသည်ကို ရဲက တားဆီးခဲ့ရာမှ အမျိုးသမီး ရာပေါင်းများစွာက ကိုယ်အပိုင်းဗလာဖြင့် ဆန္ဒပြသမှုကို စုရုံးလုပ်ဆောင်ခဲ့ကြသည်။

အွန်တာရီယိုပြည်နယ် ဝါတာလူးအရပ်တွင် သြဂုတ် ၁ ရက်က "Bare with us" ဆိုသည့် ကိုယ်အပိုင်းဗလာကျင်းဖြင့် ဆန္ဒပြမှုကို အမျိုးသမီးရာပေါင်းများစွာက ထုတ်ဖော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်းက အနီးရှိ ကစ်ချန်နာမြို့တွင် ကိုယ်အထက်ပိုင်းဗလာဖြင့် စက်ဘီးစီးသည့် အမျိုးသမီးများကို ရဲကတားကာ အဝတ်ဝတ်ရန် ပြောခဲ့ကြောင်း အမျိုးသမီးများက ပြောသည်။

အဆိုပါ အမျိုးသမီးများက ရဲနှင့် စကားများကာ တိုင်တန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အွန်တာရီယိုပြည်နယ်တွင် အမျိုးသမီးများ အထက်ပိုင်းဗလာကျင်းဖြင့် နေထိုင်ခြင်းသည် ၁၉၉၆ က တရားရုံးဆုံးဖြတ်ချက်အရ တရားဝင်သည်။

"ဒါက ရင်သားတွေပဲဖြစ်တယ်။ ဗုံးမဟုတ်။ တားဆီးခြင်းက စိတ်ပျက်စရာကောင်းတယ်။ အဝတ်မဲ့ခြင်းက လိင်ကိစ္စမှ မဟုတ်။”ဟူ၍ ကြွေးကြော်သံဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ ကိုယ်ဗလာကျင်းဖြင့် အမျိုးသမီးရာကျော်က ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အထက်ပိုင်း အဝတ်မဲ့ စက်ဘီးစီးခဲ့သူ ညီအစ်မသုံးဦးမှာ ရာသီဥတုက ပူ၍ ရှပ်အင်္ကျီများကို ချွတ်ထားကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း ရဲအရာရှိတစ်ဦး ၎င်းထံ ရောက်ရှိလာပြီး အင်္ကျီဝတ်ဖို့ ပြောဆိုကြောင်း ယင်းညီအစ်မသုံးဦးက ပြောကြသည်။ ညီအစ်မများက ရဲကို အတိုက်အခံလုပ်ကာ အင်္ကျီမဝတ်ဘဲ စက်ဘီးဆက်စီးရန် လုပ်စဉ် ဘေးကင်းလုံခြုံရေးအကြောင်းပြကာ ရဲက တားဆီးမှုပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီအစ်မသုံးဦးတွင် တစ်ဦးမှာ အဆိုတော်တစ်ဦးဖြစ်ပြီး အယ်လိုင်ရှာဘရီလာဖြစ်သည်။ 

"ဒီလို မိန်းမတစ်ဦးရဲ့ ရင်သားတွေအပေါ်မှာ ဘယ်လိုရှုမြင်နေကြသလဲဆိုတာ ကျွန်မတော့ မသိတော့ဘူး။ အမျိုးသမီးတွေရဲ့ ရင်သားတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ဘူးလို့ ကျွန်မကတော့ ပြောချင်ပါတယ်။”ဟု အယ်လိုင်ရှာက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required