မြောက်ကိုရီးယား၏ ကင်ဂျံုအွန် နိုင်ငံတကာ နိုင်ငံရေးခေါင်းဆောင်မှုဆု ရရှိ

မြောက်ကိုရီးယား၏ ကင်ဂျံုအွန် နိုင်ငံတကာ နိုင်ငံရေးခေါင်းဆောင်မှုဆု ရရှိ

မြောက်ကိုရီးယား၏ ကင်ဂျုံအွန်မှာ မကြာသေးမီက အေအိုင်ဒီအက်စ် (AIDS)၊ အီဗိုလာ (Ebola)နှင့် ကင်ဆာရောဂါများအတွက် ကုသူဆေးတွေ့ပြီဟု အကြောက်အကန် ပြောဆိုနေခဲ့သော ကမ္ဘာ့အဖိနှိပ်ဆုံး အစိုးရတစ်ရပ်၏ အမြင့်ဆုံးအာဏာပိုင် ခေါင်းဆောင်တစ်ယောက်ပင်ဖြစ်သည်။

သို့ရာတွင် မကြာသေးမီက နယ်ဆင်မင်ဒဲလားလို ပုဂ္ဂိုလ်ကို ပူပူနွေးနွေးဂုဏ်ပြုခဲ့သည့် အင်ဒိုနီးရှားအဖွဲ့အစည်းတစ်ခုက ကမ္ဘာနှင့်အဝန်း လေးစားအပ်သော နိုင်ငံရေးခေါင်းဆောင်မှုအတွက် မြောက်ကိုရီးယား၏ ကင်ဂျုံအွန်ကို ရွေးချယ်လိုက်သောကြောင့် ကင်မှာ သူ၏ကတ်ဦးထုပ်တွင် နောက်ထပ် ငှက်မွေးတစ်ချောင်းကို စိုက်ထူလိုက်နိုင်ပြီဖြစ်သည်။

ဘာလီအခြေစိုက် ဆူကာနိုစင်တာ (Sukarno Centre)က အကျဉ်ခံဧကစာကျင့်နေရသည့် မြောက်ကိုရီးယားအာဏာရှင်အား ကိုလိုနီလက်သစ်ဝါဒကို စဉ်ဆက်မပြတ် တိုက်ဖျက်လာမှုအတွက် နှစ်စဉ်အပ်နှင်းသည့် နိုင်ငံရေးခေါင်းဆောင်မှုဆု ရရှိသူအဖြစ် ကြေညာခဲ့သည်။

‘သူ (ကင်ဂျုံအွန်)ဟာ မဟာခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ နယ်ချဲ့ဝါဒကို တိုက်ဖျက်ရေးဆိုတဲ့ သဘောတရားကို စွဲမြဲခိုင်မာစွာ အကောင်အထည်ဖော်ခဲ့တယ်’’ဟု အင်ဒိုနီးရှားကို တည်ထောင်သူသမ္မတတစ်ဦးဖြစ်သည့် ဆူကာနို၏ သမီး ရက်ချ်မာဝတီ ဆိုကာနိုပူထရီက ပြောကြားခဲ့သည်။

ဂျကာတာပို့စ်တွင် ဖော်ပြလာသည့်သတင်းတစ်ရပ်အရ သူမ၏ ဖခင်ကိုလည်း အလားတူပင် စွပ်စွဲခဲ့ကြသည်ဟုဆိုကာ ကင်မှာ အာဏာရှင်ဖြစ်သည်ဟူသည့် ပြောဆိုချက်များကို ရပ်ချ်မာဝတီက ပယ်ချခဲ့သည်ဟုဆိုသည်။

‘ဒါတွေအားလုံးက အနောက်ရဲ့ ဝါဒဖြန့်ချက်တွေပါ။ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရောက်ဖို့ မူကို မဆုတ်မနစ်ရပ်ခံလာရင် လူတော်တော်များများက အာဏာရှင်စရိုက်လို့ ယူဆကြတော့တာပဲ’’ဟု သူမက ပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယား၏ ကျွန်ပြုနှိပ်စက်မှုများကပင် နိုင်ငံကို နာမည်ဆိုးစာရင်းစေခြင်းဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောကြားခဲ့သည်။ မကြာသေးမီက သတင်းတစ်ရပ်တွင်လည်း ကင်ဂျုံအွန်ကို စိတ်ဆိုးစေခဲ့သည့် လိပ်မွေးသူတစ်ဦးမှာ အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

‘မြောက်ကိုရီးယားမှာ နိုင်ငံရဲ့ ခေါင်းဆောင်ကို လုံလောက်တဲ့ ရိုသေလေးစားမှုမပြတာဟယ ကြီးလေးတဲ့ စော်ကားမှုပါပဲ။ ဖမ်းဆီးထောင်ချခံရနိုင်တဲ့ဘေးက ဘယ်သူမှ မလွတ်ပါဘူး’’ဟုလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ ဝဘ်ဆိုက်တွင် ရေးသားထားသည်။ 

Ref: The Sydney Morning Herald

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required