ရေးဘေးဒုက္ခကြံုနေရသည့် မြန်မာ၊ အန္ဒိယ၊ ဗီယက်နမ်၊ နီပေါတို့အတွက် ဆုတောင်းမှုများပြုလုပ်

ရေးဘေးဒုက္ခကြံုနေရသည့် မြန်မာ၊ အန္ဒိယ၊ ဗီယက်နမ်၊ နီပေါတို့အတွက် ဆုတောင်းမှုများပြုလုပ်

မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် နီပေါတို့တွင် ရေးဘေးဒုက္ခခံစားရင်း အသက်ဆုံးရှုံးသွားသူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုအတွက် ဆုတောင်းပေးလျက်ရှိသည်။

အရှေ့တောင်အာရှဒေသတွင် မုတ်သုန်မိုးများဆက်လက်ရွာသွန်းမှုဒဏ်ကို ကြုံတွေ့နေရပြီး မြေပြိုမှုတစ်ရပ်တွင်လူပေါင်း အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယအရှေ့ပိုင်း မဏိပူရ်ပြည်နယ်ရှိ ရွာတစ်ရွာသည် တစ်ရွာလုံးရွာလုံး ကျွတ်မြေပြိုသွားခဲ့ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြသည်။

အိမ်နီးချင်းမြန်မာနိုင်ငံတွင် အနောက်ပိုင်းဒေသလေးခုတွင် ရေကြီးမှုများဖြစ်ပေါ်ကာ လူအနည်းဆုံး ၂၇ ဦးသေဆုံးခဲ့ပြီဖြစ်ရာ အရေးပေါ် သဘာဝဘေးဇုန်အဖြစ် သတ်မှတ်ကြေညာထားရသည်။ သီတင်းပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံ၏ နေရာအများစုတွင် ရေကြီးမြေပြိုမှုများဖြစ်နေသည်။ ဆိုင်ကလုန်းကိုမန်မုန်တိုင်းကြောင့် လေပြင်းများတိုက်ခိုက်ပြီး မိုးများရွာသွန်းမှုကြောင့် ပြီးခဲ့သည့်ရက်များအတွင်း ပျက်စီးမှုများ ထပ်မံဖြစ်ပေါ်ခဲ့ရသည်။

ဗီယက်နမ်ရေကြီးမှုတွင် လူ ၁၇ ဦးအနည်းဆုံးသေဆုံးပြီး နီပေါအနောက်ပိုင်းတွင် မိုးသည်းထန်၍ မြေပြိုမှုများကြောင့် လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့သည်။ စနေနေ့အစောပိုင်းက ဖြစ်ပွားသည့် မဏိပူရ်ပြည်နယ်ရှိမြေပြိုမှုက မြန်မာနယ်စပ်တွင်ရှိသည့် ချန်ဒယ်ခရိုင်အတွင်းက ကျေးရွာတစ်ရွာ မြေဖုံးသွားခဲ့သည်။

မိုးဆက်လက်သည်းထန်နေပြီး မြေပြိုမှုများလည်း ဆက်လက်ဖြစ်ပွားနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ ယင်းနေရာသို့ တနင်္ဂနွေနေ့ထက် စောပြီး ရောက်နိုင်ဖွယ်မရှိပေ။ ဆက်လက်ပြီး မိုးရွာသွန်းနေ၍ တံတားများ၊ လမ်းများပျက်စီးကာ လူထောင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း အိန္ဒိယ NDTV သတင်းက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လလယ်ကစတင် မိုးသည်းထန်ပြီး ရေကြီးမှုများကို ရင်ဆိုင်နေရသည်။ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးသောရေကြီးမှုဖြစ်သည်ဟု ပြည်သူတစ်ချို့ကပြောသည်။ ရန်ကုန် ၃၁၊၇၊ ၂၀၁၅ လူတစ်ဦး ရေလျှံရေကြီးမှုအတွင်း အပျက်အစီးများ ဆယ်ယူနေစဉ်။

ရေကြီးမှုဘေးကို ပြည်သူပေါင်း တစ်သိန်းကျော်ထက်မနည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။ ချင်းပြည်နယ် ဟားခါးတွင် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် အိမ်ခြေများပျက်စီးကုန်သည်။

ရခိုင်ပြည်နယ်တွင် ကြက်ခြေနီအဖွဲ့က နောက်ထပ်ပျက်စီးမှုသတင်းများကို နားစွင့်နေရလျက်ရှိသည်။ ချင်း၊ မကွေးနှင့် စစ်ကိုင်းဒေသများနှင့်အတူ ရခိုင်ပြည်နယ်ကိုလည်း သဘာဝဘေး အရေးပေါ်ဇုန်အဖြစ် ကြေညာထားသည်။ ရခိုင်ပြည်နယ်မှ ပြည်သူ ၁၄၀၀၀၀ သည် မြို့တော် စစ်တွေအနီး ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ရလျက်ရှိကြောင်း ကုလသမဂ္ဂက ပြောသည်။ အများစုမှာ ရိုဟင်ဂျာဆိုသည့် မွတ်စလင်များဖြစ်ကြသည်။

ထာင်ပေါင်းများစွာသော ပြည်သူများက ဘုန်ကြီးကျောင်းများတွင် နေထိုင်လျက်ရှိသော်လည်း မွတ်စလင်များက စခန်းတစ်ချို့ကနေ မောင်းထုတ်ခံရကြောင်း သတင်းတစ်ရပ်က ဆိုသည်။ ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ကျောင်းများနှင့် အဆောက်အအုံတစ်ချို့မှ မွတ်စလင်များကို လုံခြုံရေးအဖွဲ့က မောင်းထုတ်ခြင်းဖြစ်ကြောင်း မြန်မာတိုင်းမ်စ်သတင်းတွင် ဖော်ပြထားသည်။

လယ်မြေဧကပေါင်း သန်းဝက်ကျော် ရေလွှမ်းမြုပ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောသည်။ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ရှက်တာများအတွက် ကူညီပေးရေး အရေးပေါ်အဖွဲ့တစ်ရပ်ကိုလည်း ကုလသမဂ္ဂက စေလွှတ်ထားကြောင်း စနေနေ့က ပြောသည်။

ယခုရေကြီးမှုသည် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် တစ်ရပ်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် ၁၀ ရှိ မြို့များတွင် ရေကြီးမှုများဖြစ်နေခြင်းဖြစ်သည်။ နေရပ်ပြောင်းရွှေ့ နေထိုင်ရသူပေါင်းလည်း တစ်သိန်းခွဲကျော်ရှိသည်။ လာမည့်ရက်များအတွင်း မိုးဆက်လက် သည်းထန်နိုင်ကြောင်း မိုးဇလဌာနကခန့်မှန်းထားသည်။

Ref: World Music Award

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required