ဟောလိ၀ုဒ်ရုပ်ရှင် Radiance တွင် ပါ၀င်သရုပ်ဆောင်ဖွယ်ရှိသည့် လီဗြောင်ဟွန်း

ဟောလိ၀ုဒ်ရုပ်ရှင် Radiance တွင် ပါ၀င်သရုပ်ဆောင်ဖွယ်ရှိသည့် လီဗြောင်ဟွန်း

တောင်ကိုရီးယားနိုင်ငံမှ နာမည်ကျော်မင်းသားတစ်လက်ဖြစ်သော လီဗြောင်ဟွန်းသည် ဟောလိဝုဒ်ရုပ်ရှင် Radiance တွင် ပါဝင်သရုပ်ဆောင်ရန်အတွက် ကမ်းလှမ်းမှုတစ်ခု ရရှိထားသည်။

မေလ ၂၉ရက်နေ့တွင် လီဗြောင်ဟွန်း၏ အေဂျင်စီဖြစ်သော BH Entertainment က အဆိုပါသတင်းကို အတည်ပြုခဲ့ပြီး “ အဲ့ဒီကမ်းလှမ်းမှုဟာ အခုလက်ရှိမှာ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ လောလောဆယ်တော့ သေချာပေါက်ဆုံးဖြတ်ချက်တွေ မချရသေးပါဘူး” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Radiance သည် အက်ရှင်ဇာတ်ကား အမျိုးအစားဖြစ်ပြီး ပြန်ပေးဆွဲခြင်းခံရသည့် သမ္မတကတော်တစ်ဦး၏ အကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ သူမသည် အထူးလေ့ကျင့်ထားဖူးသော လျှို့ဝှက်စုံထောက် တစ်ဦးဖြစ်ခဲ့ကာ သူမ၏ မိသားစုကို ကယ်တင်ရန်အတွက် အကြမ်းဖက်အဖွဲ့နှင့် ရင်ဆိုင်အံတုပုံကို မြင်တွေ့ရ မည်ဖြစ်သည်။

မင်းသားလီဗြောင်ဟွန်းသည် ဟောလိဝုဒ်ရုပ်ရှင်လောကနှင့် စိမ်းသူတစ်ဦးမဟုတ်ဘဲ G.I.Joe ၊ Red ၊ The magnificent Seven နှင့် Terminator တို့ကဲ့သို့သော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly