မန်ချက်စတာအပြေးသမားများကို ကာကွယ်ရန် ရဲတပ်ဖွဲ့မှ လောလောလတ်လတ် ဖမ်းဆီးမှုများပြုလုပ်

မန်ချက်စတာအပြေးသမားများကို ကာကွယ်ရန် ရဲတပ်ဖွဲ့မှ လောလောလတ်လတ် ဖမ်းဆီးမှုများပြုလုပ်

 မေ ၂၉ ။            ။ ထောင်နှင့်ချီသော အပြေးသမားများသည် အကြမ်းဖက်ခြိမ်းခြောက်မှုများကို အံတုရင်ဆိုင်ကာ နှစ်စဉ်ကျင်းပ နေကျ မာရသွန်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြသောကြောင့် မန်ချက်စတာအားကစားကွင်း၌ အသေခံဗုံးဖောက်ခွဲခဲ့သူ ဆယ်လ်မန်အဘီဒီ၏ အကြမ်းဖက်ကွန်ရက်သည် အင်အားကြီးမားနေဆဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးတစ်ဦးက တနင်္ဂနွေနေ့တွင် သတိပေးခဲ့သည်။

အပြေးသမားများသည် မန်ချက်စတာမြို့ရှိ လမ်းမများပေါ်တွင် ဒုနှင့်ဒေးရှိနေခဲ့ပြီး ရဲတပ်ဖွဲ့သည် အိုးထရက်ဖို့ဒ် အရှေ့ဘက်ဝန်းကျင်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ကာ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်နွယ်လျက်ရှိသည်ဟု ယူဆရသူများကို ဖမ်းဆီးထားသည်မှာ ယခုဆိုလျှင် ၁၂ဦးခန့် ရှိလာပြီဖြစ်သည်။

မန်ချက်စတာ၌မွေးဖွားသော အသက်၂၂နှစ်အရွယ်ရှိ လစ်ဗျားနွယ်ဖွား အဘီဒီသည် ပြီးခဲ့သော တင်္နလာနေ့ ညနေက ဂီတဖျော်ဖြေပွဲတစ်ခုတွင် အသေခံဗုံးဖောက်ခွဲခဲ့သည်။

ထိုဗုံးဖောက်ခွဲမှုအတွင်း သေဆုံးခဲ့သူ၏ သုံးပုံ တစ်ပုံခန့်မှာ ကလေးငယ်များဖြစ်ကြပြီး လူပေါင်း ၁၁၆ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

အဘီဒီ၏ အကြမ်းဖက်ကွန်ရက်များသည် အင်အားကြီးမားနေတုန်းပဲလားဟု ဘီဘီစီသတင်းဌာနမှ မေးမြန်းခဲ့ရာ တွင် ဗြိတိန်ပြည်ထဲရေးဝန်ကြီး အမ်ဘာရက်ဒ်က   ဖြစ်နိုင်ချေရှိကြောင်း   ပြန်လည်ဖြေကြားခဲ့သည်။

“စစ်ဆင်ရေးတွေကို အင်အားအပြည့်အဝသုံးပြီး လုပ်ဆောင်နေပါတယ်။ ဒါကြောင့် စစ်ဆင်ရေးမပြီးမြောက်သေး သရွေ့၍ အကြမ်းဖက်ကွန်ရက်တွေ မရှိတော့ပါဘူးလို့ မပြောနိုင်သေးပါဘူး” ဟု သူက ပြောခဲ့သည်။

လစ်ဗျားအာဏာပိုင်များသည် အဘီဒီ၏ ဖခင်ဖြစ်သူနှင့် ညီအစ်ကိုတော်စပ်သူတို့ကို ဖမ်ဆီးထိန်းသိမ်းထားပြီး တိုက်ခိုက်မှုမတိုင်ခင်ရက်များက ဗုံးဖောက်ခွဲသူ၏ လှုပ်ရှားမှုအခြေအနေများကို   ပြည်သူလူထုအား ဖျောင်းဖြ သည့်အနေဖြင့် ဗြိတိန်ထောက်လှမ်းရေးများက သတင်းထုတ်ပြန်ပေးခဲ့သည်။

အဆိုပါဓာတ်ပုံများကို စီစီတီဗွီရုပ်သံ မှတ်တမ်းများမှ ရယူထားခြင်းဖြစ်ပြီး မျက်မှန်တပ်ထားသော အဘီဒီသည် နှုတ်ခမ်းမွှေးအနည်းငယ်ရှိပြီး ဂျင်းဘောင်းဘီ၊ အနက်ရောင်ဦးထုပ်၊ လက်ပြတ်ခါးတို ကိုယ်ကျပ် အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး ကျောပိုးအိပ်လွယ်ထားသည်ကို တွေ့မြင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required