အိုင်အက်စ်လက်မှ မိုဆူးလ်မြို့သိမ်းရေးအတွက် အီရတ်တပ်များ ထိုးစစ်ကြီးဖွင့်

အိုင်အက်စ်လက်မှ မိုဆူးလ်မြို့သိမ်းရေးအတွက် အီရတ်တပ်များ ထိုးစစ်ကြီးဖွင့်

မိုဆူးလ်၊ မေ ၂၉ ။                 ။ အီရတ်နိုင်ငံက အိုင်အက်စ်တို့ သိမ်းပိုက်ထားဆဲ တိုက်ပွဲဖြစ်နေရာ ဒုတိယမြို့ဖြစ်သည့် မိုဆူးလ်မြို့ အပိုင်းများတွင် အီရတ်တပ်ဖွဲ့များက ထိုးစစ်ကြီးများ ဆင်နွှဲနေသည်။

ထိုးစစ်စတင်ကြောင်းကို စစ်တပ်က မေ ၂၈ ရက်တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

အိုင်အက်စ်တို့၏ နယ်မြေသိမ်းကာ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ရာ အရေးကြီးသည့် မိုဆူးလ်မြို့ သိမ်းရေး ခုနစ်လကျော် စစ်ဆင်နွှဲရာတွင် ယခုထိုးစစ်သည် နောက်ဆုံးစစ်ချီမှုလည်းဖြစ်သည်။

တီဂရစ်မြစ် အနောက်ဖက်ကမ်းက မလွတ်မြောက်သေးရာ နယ်မြေများတွင် ပေါင်းစုံလုံခြုံရေးယူနစ်များက တိုက်ပွဲများ ဆင်နေကြောင်း ပူးပေါင်းစစ်ဆင်ရေးတပ်ရင်းက ထုတ်ပြန်သည်။

“မိုဆူးလ်မြို့က နေရာအရပ် သုံးခုကို ထိုးစစ်ဆင်တာပါ။ ဒါပေမယ့် ထိုးစစ်ဆင်ရာ အရပ်ဒေဟာ မိုဆူးလ်မြို့ဟောင်းရဲ့ မြောက်ပိုင်းမှာ ရှိပြီး အဆောက်အအုံတွေက ကပ်နေပြီး လမ်းတွေက ကျဉ်းတော့ အီရတ်တပ်တွေအတွက် အိုင်အက်စ်ကို တိုက်ထုတ်ရေးက စိန်ခေါ်မှုတွေ ကြုံနေရတယ်။”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အီရတ်တပ်များ၏ ယခုနောက်ဆုံးထိုးစစ်ကြောင့် အရပ်သားများအတွက် များစွာအန္တရာယ်ကြီးနေကြောင်း အီရတ်နိုင်ငံ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေး ကယ်ဆယ်မှုညှိနှိုင်းရေးမှူးက   ပြောသည်။

မြို့တွင်း ပြည်သူများစွာမှာ ရေနှင့် လျှပ်စစ် ဆိုးဆိုးဝါးဝါး ပြတ်တောက်ခြင်းနှင့်လည်း ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required