သီရိလင်္ကာရေဘေး သေဆုံးသူ ၁၅၀ ကျော်၊ ရေဘေးကြံုပြည်သူ သန်းဝက်အထိရှိ

သီရိလင်္ကာရေဘေး သေဆုံးသူ ၁၅၀ ကျော်၊ ရေဘေးကြံုပြည်သူ သန်းဝက်အထိရှိ

ကိုလံဘို၊ မေ ၂၉ ။                      ။ သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ်ကျော်အတွင်း အဆိုးဆုံးရေကြီးမှု ကြုံပြီး သေဆုံးသူဦးရေက ၁၅၁ ဦးရှိကာ နေအိမ်စွန့်ခွာရသူပေါင်း သန်းဝက်အထိ ရှိနေပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရေနှင့် စားနပ်ရိက္ခာများ အရေးပေါ် ထောက်ပို့နေသည်။

မုတ်သုံမိုးများ ရွာသွန်းပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များကို အရေးတကြီးဆောင်ရွက်နေပြီး ကျန်းမာရေးအဖွဲ့များလည်း ဆေးရုံတွင် အားဖြည့်ရှိနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာဂျီသာဆန်နာရတ်နီက ပြောသည်။

တရားဝင်ထုတ်ပြန်သည့်စာရင်းအရ သေဆုံးသူဦးရေသည် ၁၅၁ ဦးရှိပြီး ပျောက်ဆုံးစာရင်းမှာ ၁၁၁ ဦး ရှိနေသည်။ ဆေးရုံတင်ပို့ရောက်ရှိသူက ၉၅ ဦး ရှိကြောင်း ဆန်နာရတ်နီက ဆိုသည်။

“ပြီးခဲ့တဲ့နှစ်ရက်က အကူအညီမရောက်ခဲ့ရာ အစွန်ဖျားဒေသတွေဆီ ကယ်ဆယ်ရေးတွေ စတင်ရောက်ရှိနေပါပြီ။”ဟု ဆန်နာရတ်နီက သတင်းထောက်များအား ပြောသည်။

အကူအညီလိုအပ်နေပါက ပြည်သူများအနေဖြင့်လည်း အရေးပေါ်လိုင်းကို ခေါ်ဆိုတောင်းနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

သေဆုံးမှုအများစုမှာ ရေကြီးမှုကြောင့်မဟုတ်ဘဲ မြေပြိုမှုကြောင့်ဖြစ်သည်။ တောင်စောင်းနေရာက အိမ်များ မြေပြို၍ ပိကျပျက်စီးရာမှ သေဆုံးရခြင်းများသည်။

ပျက်စီးသည့် အိမ်ခြေပေါင်းက ၂၀၀၀ နီးပါး ရှိနေသည်။ ပြည်သူသန်းဝက်နီးပါးက နေအိမ်များကို စွန့်ခွာကာ အစိုးရယာယီခိုလှုံရေးအဆောက်အအုံများ သို့မဟုတ် သူငယ်ချင်ဆွေမျိုးများ အိမ်သို့ ပြောင်းရွှေ့နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required