အက်ဖ်အေဖလားတွင် အအောင်မြင်ဆုံးနည်းပြဖြစ်လာသော်လည်း အသင်းတွင် ဆက်ရှိ၊ မရှိကို မသိဟု အာစင်ဝင်းဂါး ဆို

အက်ဖ်အေဖလားတွင် အအောင်မြင်ဆုံးနည်းပြဖြစ်လာသော်လည်း အသင်းတွင် ဆက်ရှိ၊ မရှိကို မသိဟု အာစင်ဝင်းဂါး ဆို

မတ် ၂၈၊ အင်္ဂလန် ။          ။ အက်ဖ်အေဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးနည်းပြဖြစ်လာသော်လည်း အသင်းဘုတ်အဖွဲ့က ၎င်းကို အသင်းနည်းပြအဖြစ် ဆက်ထား၊ မထားကို မသိရှိကြောင်း အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်စနေနေ့ညက အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားတွင် ၁၃ ကြိမ်မြောက်ဗိုလ်စွဲနိုင်သည့် အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။

ထို့အပြင် အာစင်ဝင်းဂါးသည် အက်ဖ်အေဖလားကို ၇ ကြိမ်မြောက်ရယူနိုင်သည့် အအောင်မြင်ဆုံးနည်းပြလည်း ဖြစ်လာခဲ့သည်။

သို့သော် ပွဲအပြီးတွင် အာစင်ဝင်းဂါးက ' အသင်းမှာ ကျွန်တော်ဆက်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဒီအချိန်မှာ ကျွန်တော်ဖြေနိုင်မယ်လို့ မထင်ပါဘူး။

ဆုတံဆိပ်တစ်ခုရရှိခဲ့လို့ ဒီညကတော့ ကျွန်တော့်အတွက် ထူးခြားတဲ့ညတစ်ညပါပဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့တွေ့ရပါလိ့မ်မယ်။ အရွယ်ရောက်ပြီးသားလူတွေဖြစ်လို့ ဘာတွေပဲ ဖြစ်လာ၊ ဖြစ်လာ လက်ခံရမှာပါ။

ချယ်လ်ဆီးကို အနိုင်ရခဲ့တာက အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ပွဲလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ နှစ် ၂၀ လောက်နည်းပြလာတဲ့ နည်းပြတစ်ယောက်ရဲ့အနာဂတ်ကို ပွဲတစ်ပွဲတည်းနဲ့ဆုံးဖြတ်မယ်ဆိုတာကတော့ ရယ်စရာကောင်းပါတယ်။ လာမယ့်အပတ်မှာတော့ အခြေအနေအားလုံးကို ကျွန်တော်တို့သိရပါလိ့မ်မယ်' ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required