မန်စီးတီးအသင်းအောင်မြင်မှုရရှိရန် သူ၏ အကောင်းဆုံးခြေစွမ်းဖြင့်ကူညီသွားမည်ဟု ဘာနာဒိုဆေးလ်ဗားပြော

မန်စီးတီးအသင်းအောင်မြင်မှုရရှိရန် သူ၏ အကောင်းဆုံးခြေစွမ်းဖြင့်ကူညီသွားမည်ဟု ဘာနာဒိုဆေးလ်ဗားပြော

မေ ၂၈၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမားသစ် ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအောင်မြင်မှုရရှိရန် သူ၏အကောင်းဆုံး ခြေစွမ်းဖြင့် ကူညီပေးသွားမည်ဟု ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် အပြောင်းအရွှေ့ရာသီအစောပိုင်းမှာတင် မိုနာကိုအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ပြောင်းရွှေ့ကြေးပေါင် ၄၃ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မိုနာကိုအသင်းအတွက် ခြေစွမ်းပြကစားခဲ့သည့် ဆေးလ်ဗားကို မန်ယူအပါအဝင် ဥရောပထိပ်သီးအသင်းအများအပြားက စိတ်ဝင်စားနေသော်လည်း မန်စီးတီးက လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်။

ဆေးလ်ဗား၏ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၃ သန်းဖြစ်သော်လည်း ၎င်း၏အောင်မြင်မှုအပေါ်မူတည်၍ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၆၀ အထိ တိုးမြင့်သွားဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

ဂွါဒီယိုလာကဲ့သို့ နည်းပြလက်အောက်တွင် ကစားရန် ငြင်းဆန်နိုင်ခြင်းမရှိခဲ့ကြောင်း ဆေးလ်ဗားက ဆိုသည်။

'မန်စီးတီးအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရလို့ ဝမ်းသာပါတယ်။ မန်စီးတီးအသင်းအောင်မြင်မှုရရှိဖို့ အကောင်းဆုံးခြေစွမ်းနဲ့ကူညီသွားမှာပါ။

ခင်ဗျားအနေနဲ့ဂွါဒီယိုလာလိုနည်းပြရဲ့လက်အောက်မှာ ကစားခွင့်ရမယ်ဆိုရင် no လို့ ပြောမှာ မဟုတ်ပါဘူး။ ဂွါဒီယိုလာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြမဟုတ်ပေမယ့် အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဘာစီလိုနာနဲ့ဘိုင်ယန်မှာ သူလုပ်ပြခဲ့တာတွေက အံ့အားသင့်ဖွယ်ကောင်းပါတယ်။ မန်စီးတီးမှာလည်း အောင်မြင်မှုတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ သူနဲ့အတူလက်တွဲ အလုပ်လုပ်ရမယ့် အခွင့်အရေးက တကယ်ကို မိုက်ပါတယ်' ဟု ဘာနာဒိုဆေးလ်ဗားက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required