လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ လှုပ်ရှားမှု ပုဇွန်တောင်တွင် ကျင်းပ

လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ လှုပ်ရှားမှု ပုဇွန်တောင်တွင် ကျင်းပ

လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ လူထုလှုပ်ရှားမှုကို ရန်ကုန်မြို့၊ ပုဇွန်တောင်ဈေးရှေ့မှာ ဒီကနေ့ မေလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ယာဉ်အန္တရာယ်မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ လျော့ကျစေဖို့ရည်ရွယ်ပြီး ပြည်သူတစ်ရပ်လုံး ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းလိုက်နာလိုက်နာဖို့ ပညာပေးလှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို လမ်းအန္တရာယ်လုံခြုံရေးဆိုင်ရာသံတမန်ဖြစ်သူ မော်ဒယ်သန္တာလှိုင်၊ ကာတွန်းဆရာကြီး အော်ပီကျယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းတို့လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

လမ်းသွားလမ်းလာတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် လူကူးမျည်းကြားတွေမှာ အချက်ပြ မီးစနစ်တွေ တပ်ဆင်နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီကနေ့ လူထုလှုပ်ရှားမှုမှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ ၊၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေအပါအဝင် ကလေးငယ်တွေနဲ့ပြည်သူတွေလည်း ပူပေါင်းပါဝင်ခဲ့ကြပါ တယ်။

လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ လူထုလှုပ်ရှားမှုကို ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်တိုင်းလွှတ်တော် တို့ရဲ့ ကြီးကြပ်မှုနဲ့ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly