အမေရိကန်လေကြောင်းလိုင်းပေါ်မှ လေယာဉ်မယ်တစ်ဦးကို ကိုက်ဆွဲကာ ကရင်အမျိုးသားတစ်ဦး ခုန်ချထွက်ပြေး

အမေရိကန်လေကြောင်းလိုင်းပေါ်မှ လေယာဉ်မယ်တစ်ဦးကို ကိုက်ဆွဲကာ ကရင်အမျိုးသားတစ်ဦး ခုန်ချထွက်ပြေး

မြောက်ကာရိုလိုင်းနားရှိ လေဆိပ်တွင် လွန်ခဲ့သော ကြာသာပတေးနေ့က အမေရိကန်လိုင်းကြောင်းလိုင်းမှ ထွက်ခါကာနီးလေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးသည် လေယာဉ်မယ်တစ်ဦးကိုကိုက်ပြီး ထွက်ပေါက်တံခါးကို ဖွင့်ကာ လေယာဉ်ပြေးလမ်းပေါ်သို့ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ကျူးလွန်ခဲ့သူ အသက် ၂၂ နှစ်အရွယ်ရှိ ထွန်းလွန်စိန်ကို လေယာဉ်အမှုထမ်းများနှင့် လေယာဉ်မယ်တို့အား ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထားခဲ့သည်။

ကြာသာပတေးနေ့မနက်တွင် အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၅၂၄၂ သည် ရှားလုတ် ဒေါက်ကလပ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဂိတ်ပေါက်မှ ထွက်ခွာလာခဲ့ပြီး ပြေးလမ်းကြောင်းဆီသို့ တဖြည်း ဖြည်းမောင်းနှင်လာစဉ်တွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်တိုင်ကြားချက်အရ ထွန်းလွန်စိန်သည် သူ၏ထိုင်ခုံမှထလာပြီး လေယာဉ်ပင်မတံခါးပေါက်ကို ဖွင့်ရန် ကြိုးပမ်းခဲ့ရာတွင် လေယာဉ်မယ်တစ်ဦးက သူ့အား ထိုင်ခုံသို့ပြန်သွားရန် ညွှန်ကြားခဲ့ပြီး အခြားခရီးသည်နှစ်ဦး ကလည်း ကူညီဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

ထိုအခိုက်တွင် ထွန်းလွန်စိန်သည် လေယာဉ်မယ်ကို ကိုက်ဆွဲရန်ကြိုးပမ်းခဲ့ပြီး တံခါးပေါက်ကိုဖွင့်ကာ လေယာဉ် ပြေးလမ်းပေါ်သို့ ခုန်ချထွက်ပြေးသွားခဲ့သည်။

ထွန်းလွန်စိန်ကို လေယာဉ်ဝန်ထမ်းနှစ်ဦးက တားဆီးနိုင်ခဲ့ပြီး မက်ကလန်ဘာ့ဂ်ကောင်တီ အကျဉ်းထောင်သို့ မပို့ဆောင်သွားခင်တွင် ဆေးရုံသို့ ရှေးဦးစွာခေါ်ဆောင်သွားခဲ့သည်။

သူသည် မြောက်ကာရိုလိုင်းနား ဖက်ဒရယ်တရားရုံးသို့ သောကြာနေ့က တက်ရောက်ခဲ့သော်လည်း ကရင် စကားပြောဆိုတတ်သော စကားပြန်ကို ရှာဖွေ၍ မရသေးသောကြောင့် တရားရုံးက သူ့အားဆက်လက် ထိန်းသိမ်းထားသည်။

အာဏာပိုင်များက သူသည် အင်္ဂလိပ်လို အနည်းအကျဉ်းမျှတောင် မပြောတတ်သော်လည်း လေယာဉ်လုံခြုံရေး ညွှန်ကြားချက်များကို နားလည်ပုံပေါက်ကြောင်း ပြောခဲ့သည်။ အမှုဖွင့်တိုင်ကြားချက်အရ သူသည် ယခင်က ရှားလုတ်သို့ လေယာဉ်ခရီးစဉ် အနည်းဆုံးနှစ်ကြောင်းခန့် စီးခဲ့ဖူးကြောင်း သိရသည်။

ထွန်းလွန်စိန်သည် အပြစ်ရှိကြောင်း ထင်ရှားပါက ဖက်ဒရယ်အကျဉ်းထောင်၌ ထောင်ဒဏ်နှစ် ၂၀ခန့်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Ref: Dallas News, NBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required